Connect with us

MYANMAR

မြန်မာနိုင်ငံ၌ ၂၄ နာရီအတွင်း COVID-19 ရောဂါဖြစ်ပွားသူ ၁,၀၁၂ ဦးတိုးလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၈  ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၄ နာရီအတွင်း COVID-19  အတည်ပြုလူနာသစ် ၁,၀၁၂ ဦးတိုးလာကြောင်း ယနေ့(အောက်တိုဘာ ၈ ရက်) ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁,၀၁၂ ဦးတွေ့ရှိခဲ့ပြီးနောက် အတည်ပြုလူနာ ဦးရေမှာ စုစုပေါင်း ၂၂,၄၄၅ ဦး ထိရှိလာကြောင်း သိရသည်။

အလားတူ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သေဆုံးသူ  COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၅ ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၅၃၅ ဦးထိ ရောက်ရှိလာကြောင်း သိရသည်။

COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၂၆၈ခု အား အောက်တိုဘာ ၇ ရက် ည ၈ နာရီမှ အောက်တိုဘာ ၈ရက် ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ကြောင်း၊ Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများ နှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၂၈၂ ဦး ရှိခဲ့သဖြင့် ယခုအထိ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၆,၃၆၆ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၆၇,၅၃၉ စစ်ဆေးခဲ့ပြီးနောက် အတည်ပြုလူနာ စုစုပေါင်း  ၂၂,၄၄၅ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးနှင့် အထိရောက်ဆုံး လျှော့ချနိုင်ရန်အတွက် ပြည်သူများ နိုင်ငံသားကောင်းပီသစွာဖြင့် အနည်းဆုံး မဖြစ်မနေ လုပ်ရမည့် အချက်တစ်ချက်မှာ နေအိမ်ပြင်ပသို့ ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) ကို မပျက်မကွက် စနစ်တကျ အမြဲတပ်ဆင်ပါဟု ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.