ဒါကာ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့က မေလ သို့မဟုတ် ဇွန်လမတိုင်မီ အနည်းဆုံး ပြည်သူ ၄၅ သန်းအတွက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရီယာ ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဆော်ဒီအာရေဗျနိုင်ငံ နှင့် တရုတ်နိုင်ငံ Huawei ကုမ္ပဏီ တို့သည် လတ်တလောရက်ပိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားမည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပြီး ရည်ရွယ်ချက်အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးဆိုင်ရာ...
လန်ဒန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဥရောပနိုင်ငံအတော်များများသည် ကူးစက်မြန် သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြောင့် ဗြိတိန်နိုင်ငံမှ လေကြောင်းပျံသန်းမှုများကို ဒီဇင်ဘာ ၂၀ ရက်မှစတင်ကာ တားမြစ်လိုက်ကြောင်း သိရသည်။
ချုံချင့်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့် ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဖွားဖွား Xinxing သည် အသက် ၃၈ နှစ် အရွယ်တွင် တရုတ်နိုင်ငံ ချုံချင့်မြူနီစပယ်ဒေသရှိ တိရစ္ဆာန်ရုံ၌ ကွယ်လွန် ခဲ့သည်။ပန်ဒါများ၏ အသက် ၃၈ နှစ်မှာ လူသားတို့အတွက် သက်တမ်း နှစ်ပေါင်း...
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဥရောပ ဆေးဝါးအေဂျင်စီ(EMA)က ဒီဇင်ဘာ ၂၁ ရက်တွင် Pfizerနှင့်BioNTechတို့အတူ ပူးပေါင်းထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး၏ လုံခြုံမှုနှင့်ထိရောက်မှုကို အပြုသဘောအကဲဖြတ်မှုများပြုလုပ်ခဲ့ပြီး ယင်းကာကွယ်ဆေးအား ဥရောပသမဂ္ဂနယ်နိမိတ်အတွင်း မကြာမီ ဈေးကွက်တင်နိုင်ရန် ဥရောပကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ဟိုင်နန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝမ်ချန်း အာကာသယာဉ်လွှတ်တင်ရေးစခန်း၌ Long March-8Y1 ဒုံးပျံ လွှတ်တင်ရန် ဗုဒ္ဓဟူးနေ့တွင် ပြင်ဆင်ခဲ့ကြောင်း China National Space Admininstration ကထုတ်ပြန်သည်။ အဆိုပါ ဒုံးပျံကို ဒီဇင်ဘာ...
ဟူပေ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် Laohekou မြို့တွင် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး အမှိုက်ချေဖျက်ယာဉ် တစ်စင်းကို ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။ကာဗွန်ထုတ်လွှတ်မှုမရှိသည့် ၎င်းယာဉ်သည် ဟိုက်ဒရိုဂျင်စွမ်းအင်ကိုအသုံးပြုထားပြီး တစ်ကြိမ်လျှင် ကီလိုမီတာ ၄၀၀ ကျော်ထိ သန့်ရှင်းရေးဆောင်ရွက်ပေးနိုင်ပြီး အဆိုပါ ယာဉ်အား လောင်စာဖြည့်ရန်...
ဝါရှင်တန်၊ဒီဇင်ဘာ၂၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်သည် ၎င်းနေထိုင်ရာ Delaware ပြည်နယ်တွင် ဒီဇင်ဘာ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူနေပုံကို ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အာကာသဟင်းလင်းပြင်အတွင်း လက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်းမပြုရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှားပါးမျိုးစိတ်ဖြစ်သည့် အောင်လောင်ငှက် အပါအဝင် မျိုးဆက်ပျက်သုန်းမည့်အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှသာ အလားအလာကောင်းနိုင်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ “သားငှက်တိရစ္ဆာန်တွေကို ဟင်းလျာ အနေနဲ့...