Connect with us

Politics, Law & Military

မြန်မာနှင့်ရုရှား နိုင်ငံတို့အကြား အာကာသဟင်းလင်းပြင်အတွင်း လက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်း မပြုရေးဆိုင်ရာ ပူးတွဲကြေညာချက် လက်မှတ်ရေးထိုး

နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အဦအား တွေ့ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အာကာသဟင်းလင်းပြင်အတွင်း လက်နက်တပ်ဆင်မှု ဦးစွာစတင်ခြင်းမပြုရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပူးတွဲကြေညာချက်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံလုံးအနေဖြင့် အာကာသဟင်းလင်းပြင် အတွင်း မည်သည့်အကြောင်းနှင့်မျှ ဦးစွာလက်နက်တပ်ဆင်မည်မဟုတ်ကြောင်းနှင့် အာကာသဟင်း လင်းပြင်အား စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်သည့်နေရာ ဖြစ်မလာစေရေးနှင့် အာကာသဟင်းလင်းပြင် အတွင်း လုပ်ဆောင်ချက်များတွင် လုံခြုံမှုရှိစေရေးတို့အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov တို့က အဝေးရောက်စနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117