Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံက ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Huawei ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

ဗြိတိန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲ တစ်ခု တွင် Huawei ကုမ္ပဏီ ၏ 5G နည်းပညာဆိုင်ရာ ပြခန်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဆော်ဒီအာရေဗျနိုင်ငံ နှင့် တရုတ်နိုင်ငံ Huawei ကုမ္ပဏီ တို့သည် လတ်တလောရက်ပိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားမည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပြီး ရည်ရွယ်ချက်အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးကာ ဆော်ဒီအာရေဗျ နိုင်ငံ ၏ “၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်” ကို အကောင်အထည်ဖော် နိုင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်ပညာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Ahmad Aljarboa နှင့် ဆော်ဒီအာရေဗျနိုင်ငံ Huawei နည်းပညာ ကုမ္ပဏီ အထွေထွေမန်နေဂျာ ဟယ်ထောင် တို့က ဒီဇင်ဘာ ၂၀ ရက် ၌ နားလည်မှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းနားလည်မှုစာချွန်လွှာအရ Huawei ကုမ္ပဏီ အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ ကုမ္ပဏီနှင့် အသိပညာပိုင်းဆိုင်ရာ ဖလှယ်မှုများကို ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ၊ ဆော်ဒီအာရေဗျ နိုင်ငံ အတွက် လူ့စွမ်းအားအရင်းအမြစ်စွမ်းရည်တည်ဆောက်မှု နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ လုပ်ငန်းကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း ၊ အနာဂတ်တွင် Huawei အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ အား ကမ္ဘာပေါ်တွင် လက်တွေ့ကျသော အကောင်းဆုံးသော အတွေ့အကြုံများကို မျှဝေပေးသွားရမည် ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ အရာရှိများအား 5G ၊ AI နှင့် Cloud computing စသည့်ကဏ္ဍများတွင် သင်တန်းပို့ချမှုများကို ပြုလုပ်ပေးသွားရမည်ဖြစ်ကြောင်း ပါဝင်သည်။

ဆော်ဒီအာရေဗျနိုင်ငံ က ၂၀၁၆ ခုနှစ် ၌ “၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်” နှင့် “နိုင်ငံတော်နည်းအသွင်သဏ္ဍာန်ပုံစံပြောင်းလဲရေး” တို့ကို ထုတ်ပြန်ကြေညာခဲ့ပြီး စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခြင်းအားဖြင့် ကဏ္ဍစုံလင်သော စီးပွားရေး တည်ဆောက်မှုပုံစံရရှိအောင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Huawei ကုမ္ပဏီ အရှေ့အလယ်ပိုင်းဒေသ ဌာနခွဲ ဥက္ကဋ္ဌ ရန်ယိုကွေ့ က ဆော်ဒီအာရေဗျ နိုင်ငံ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် “၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်” အတွက် Huawei ကုမ္ပဏီ မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်း ၊ ဆော်ဒီအာရေဗျနိုင်ငံ ၏ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အဦ များကို ရှေ့ဆက် မြှင့်တင်သွားနိုင်ရန် မျှော်လင့်ပြီး သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး ဆိုင်ရာ နည်းပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သတင်းဖော်ပြချက်များအရ လိုအပ်ချက်လိုက်အရ လုပ်ကိုင်ဖြေရှင်းသည့် ဆောင်ရွက်မှု ပုံစံ အရ Huawei ကုမ္ပဏီသည် ဆော်ဒီအာရေဗျ နိုင်ငံ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း အတွက် အရေးပါသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ခဲ့ပြီ Huawei ကုမ္ပဏီ အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ အစိုးရဌာန နှင့် ကုမ္ပဏီ အသီးသီး နှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ကာ ဆော်ဒီအာရေဗျ နိုင်ငံ ဒစ်ဂျစ်တယ်ပုံစံ ပြောင်းလဲရေးအတွက် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)
(科技)沙特与华为将就数字经济展开合作
  新华社利雅得12月21日电(记者涂一帆)沙特阿拉伯与中国华为公司近日签署谅解合作备忘录,旨在加强沙特数字经济发展以及信息与通信技术人才培养,助力沙特实现“2030愿景”。
  沙特通信与信息技术委员会副主席艾哈迈德•贾博艾和沙特华为技术有限公司总经理何涛20日共同签署了该备忘录。根据备忘录,华为将与该委员会在知识交流、人力资源能力建设以及信息与通信技术产业合作等领域展开合作,未来华为还将向该委员会分享其全球经验和最佳实践,对其官员在5G、人工智能和云计算等新兴技术领域进行培训。
  沙特于2016年发布“2030愿景”和“国家转型计划”,希望通过经济和社会改革“双轮驱动”逐步实现经济结构多元化。
  华为中东地区部总裁杨友桂表示,沙特正在努力实现“2030愿景”数字领域的目标,华为有幸与沙特通信与信息技术委员会开展合作,期待支持其进一步提升沙特的数字化基础设施,培养更多本地的信息与通信技术人才。
  据介绍,凭借领先的端到端解决方案,华为已经成为沙特通信服务商的重要合作伙伴。华为还与沙特众多政府部门和企业开展合作,助力沙特数字化转型。(完)

Photo
这是1月28日在英国伦敦拍摄的华为5G创新体验中心。新华社记者 韩岩 摄