ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 လူနာသစ် ၈၄၈ ဦး တွေ့ရှိ ၊ ပိုးတွေ့ရှိမှု ၅ ရာခိုင်နှုန်းအောက် ၄ ရက်ဆက်တိုက် ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် အင်္ဂလန်နိုင်ငံ၌ ပိုမိုလျင်မြန်စွာကူးစက်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိနေရာ ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများကို ယခုထက်ပို၍ တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင်...
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပေါ်ထွက်လာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာဦးရေ ၄ သိန်းကျော်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၆နာရီကျော်က သဲများတင်ဆောင်လာသည့် ၆ ဘီးယာဉ် တစ်စီးသည် လူနေအိမ်တစ်လုံးအား ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူးက...
မနီလာ၊ဒီဇင်ဘာ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံ နေရာအနှံ့အပြားတွင် ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး အခြား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်များက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့် လမျက်နှာပြင်မှ ယူဆောင်လာခဲ့သည့် နမူနာပစ္စည်းများအား တရုတ်နိုင်ငံပေကျင်းမြို့ Chinese Academy of Science လက်အောက်ရှိ national astronomical oberservatories သို့ ပို့ဆောင်သိမ်းဆည်းထားခဲ့ပြီ ဖြစ်ကြောင်းသိရသည်။တရုတ်နိုင်ငံ မှ လွှတ်တင်ခဲ့သည့် Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်မှ...
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့် ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် မော်လ်ဒိုက်နိုင်ငံသည် ခရီးသွားလုပ်ငန်းအပေါ် ကြီးစွာ မှီခိုအားထားရသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ နိုင်ငံအတွင်း အပန်းဖြေကျွန်းများစွာရှိသောကြောင့် ရေပေါ်ရှပ်ပြေးလေယာဉ်များသည် ကမ္ဘာလှည့်ခရီးသွားများအတွက် အဓိက ဆွဲဆောင်ရာဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ Beijing Urban Construction Group က...
ဂျေရုဆလမ် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကူးစက်မှုနှုန်းအလွန်လျင်မြန်သည့် ဗီဇပြောင်း ဗိုင်းရပ်စ် COVID-19 ရောဂါမျိုးကွဲသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမှ လေယာဉ်အဝင် ပိတ်ပင်တားမြစ်သည့် ကြေညာချက်တစ်ခုကို အစ္စရေးနိုင်ငံက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပါရီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ထွက်ပေါ်လာခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံမှစ၍ ၄၈ နာရီကြာ ဗြိတိန်ခရီသွားဝင်ရောက်ခြင်းကို ယာယီရပ်နားထားမည်ဟု ပြင်သစ်အစိုးရက ယင်းနေ့တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကြုံတွေ့နေရသော်လည်း စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလား အလာကောင်းများရှိနေဆဲဖြစ်ကြောင်း ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(၂၉)ကြိမ်မြောက်၊ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။