Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် လူ ၈ ဦးသေဆုံး ၊ တစ်ဦးပျောက်ဆုံးနေ

ဖိလစ်ပိုင်နိုင်ငံ Compostela Valley ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု နှင့် မြေပြိုမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ဒီဇင်ဘာ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဖိလစ်ပိုင်နိုင်ငံ နေရာအနှံ့အပြားတွင် ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး အခြား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း အာဏာပိုင်များက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ လူသေဆုံးမှုများသည် ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းရှိ Visayas ဒေသ ၊ Davao ဒေသ နှင့် Caraga ဒေသများတွင် ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲရေးကောင်စီ(NDRRMC)၏ ပြောကြားချက် အရ သိရသည်။အပူပိုင်းလေဖိအားနည်းရပ်ဝန်ဒဏ်ကို ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း နှင့် တောင်ပိုင်းဒေသများတွင်နေထိုင်သည့် ပြည်သူ ၃၆,၀၀၀ ခန့်သက်ရောက်မှုရှိခဲ့ကြောင်း နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဖိလစ်ပိုင်ငွေ ပီဆို ၁၁၀.၄ သန်း (အမေရိကန်ဒေါ်လာ ၂၃ သန်း) ရှိကြောင်း NDRRMC က ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ Compostela Valley ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု နှင့် မြေပြိုမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ အပူပိုင်းလေဖိအားနည်းရပ်ဝန်းသည် ဖိလစ်ပိုင်ငံမှ ဒီဇင်ဘာ ၂၀ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရမိုးလေဝသဗျူရို၏ ပြောကြားချက် အရ သိရသည်။ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ တိုက်ခတ်ခဲ့သည့် ၂၂ လုံးမြောက်မုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ ၆၅ ကီလိုမီတာမှ အမြင့်ဆုံး ၈၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်း မိုးလေဝသဗျူရိုက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ Compostela Valley ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု နှင့် မြေပြိုမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

တိုင်ဖွန်းမုန်တိုင်းများ နှင့် အပူပိုင်းမုန်တိုင်းများသည် ဖိလစ်ပိုင်နိုင်ငံတွင် ဇွန်လမှ ဒီဇင်ဘာလအတွင်း တိုက်ခတ်လေ့ရှိပြီး လူ့အသက်ပေါင်းများစွာသေဆုံးခဲ့ရသလို ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဘီလီယံပေါင်းများစွာ ရှိခဲ့ကြောင်း သိရသည်။ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် မီးစက်ကွင်းအတွင်း တည်ရှိနေရာ မီးတောင်ပေါက်ကွဲခြင်း ၊ မကြာခဏငလျင်လှုပ်ခတ်ခြင်း နှင့် တစ်နှစ်လျှင်ပျမ်းမျှ တိုင်ဖွန်းမုန်တိုင်း အလုံး၂၀ ခန့် တိုက်ခတ်ခြင်း ကြောင့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှုများ ဖြစ်ပွားနေပြီး ကမ္ဘာပေါ်တွင် သဘာဝဘေးဒဏ် အဆိုးရွာဆုံးခံစားရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည် ပါဝင်နေသည်။၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဖိလစ်ပိုင်ငွေ ပီဆို ၄၆၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၆၅ ဘီလီယံထိ) ရှိခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရတရားဝင်ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။(Xinhua)

—————————————————
(English Version)

Tropical depression leaves 8 dead, 1 missing in Philippines

MANILA, Dec. 21 (Xinhua) — Floodwaters and landslides triggered by a tropical depression that battered many areas in the Philippines over the weekend have left at least eight people dead, two injured and one missing, authorities said on Monday.

According to the National Disaster Risk Reduction and Management Council (NDRRMC) of the Philippines, the casualties were reported in Eastern Visayas region, Davao region and Caraga region.

The NDRRMC said the tropical depression affected over 36,000 residents in central and southern Philippines and caused 110.4 million pesos (23 million U.S. dollars) worth of damage to infrastructure.

The tropical depression has left the Philippines on Sunday, according to the state weather bureau.
The country’s 22nd storm continues to blow away from the Philippines, packing maximum sustained winds of 65 km per hour with gusts of up to 80 km per hour, the state weather bureau said.

Typhoons and tropical storms regularly batter the Philippines from June through December, claiming lives and causing billions of dollars in damages.
Located in the Pacific Ring of Fire, the Philippines is among the most disaster-prone countries, including active volcanoes, frequent earthquakes, and an average of 20 typhoons a year, causing floods and landslides.

Government data showed the Philippines had lost 463 billion pesos (9.65 billion U.S. dollars) in damages to natural disasters from 2010 to 2019. Enditem

CAPTION – Photos taken on Dec. 22, 2017 shows a flooded road in Nabunturan township, Compostela Valley Province, the Philippines.