Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး၌ သဲတင်ယာဉ်တစ်စီး လူနေအိမ်အား တိုက်မိတိမ်းမှောက်ရာမှ ၂ သေဆုံး၊ ၂ဦး ဒဏ်ရာရရှိ

သဲများတင်ဆောင်လာသည့် ၆ ဘီးယာဉ် နေအိမ်အား ဝင်တိုက်ပြီး တိမ်းမှောက်သွားသည်ကို တွေ့ရစဉ် (Myanmar Fire Services Department)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၆နာရီကျော်က သဲများတင်ဆောင်လာသည့် ၆ ဘီးယာဉ် တစ်စီးသည် လူနေအိမ်တစ်လုံးအား ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူးက ဆင်ဟွာသို့ပြောသည်။

” အိမ်ထဲက မိသားစုဝင် ၄ဦးလုံးသဲတွေအောက်ရောက်သွားတာ ၊ ၄ဦးလုံးကို ကယ်ထုတ်ခဲ့ပေမယ့် အမျိုးသား ၂ဦးကတော့ သေတယ်၊ အမျိုးသား ၁ဦးနဲ့အမျိုးသမီး ၁ဦး ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့အထဲ အမျိုးသမီးက စိုးရိမ်ရတယ် ၊ ခုဆေးရုံးမှာပါ” ဟု ၎င်းကဆိုသည်။ကမ်းနားလမ်းအတိုင်း မောင်းနှင်လာသော အဖြူရောင် (၆)ဘီး သဲတင်ယာဉ်သည် တောဝဂူဘုရားတောင်ဘက်၊ မြစ်ဆိပ်ဆင်းလမ်း အရောက် ယာဉ်အား နောက်ဆုတ်ရာတွင် ဘရိတ်မမိဘဲ လမ်းဘေးရှိ လူနေအိမ်အား တိုက်မိ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သဲများတင်ဆောင်လာသည့် ၆ ဘီးယာဉ် နေအိမ်အား ဝင်တိုက်ပြီး တိမ်းမှောက်သွားသည်ကို တွေ့ရစဉ်
(Myanmar Fire Services Department)

အဆိုပါ နေအိမ်အတွင်းရှိ မိသားစုဝင် မ(၁)ဦး၊ ကျား(၃)ဦးတို့သည် သဲများနှင့် ပိမိနေပြီး မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၇နာရီအချိန်တွင် ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယင်း သေဆုံးသူများနှင့် လူနာများအား မဟာလူမှုကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့( ဒီဇင်ဘာ ၂၁ ရက်) မနက် (၄)နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၇/ဝ)နှင့် (၇/၁)အကြား၌ ကုန်တင်ယာဉ် (၁၀)ဘီး အဖြူရောင်ယာဉ်သည် ရှေ့မှမောင်းနှင်နေသော ဆိုင်ကယ်အား တိမ်းရှောင်ရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရကြောင်း၊ ယင်း ယာဉ်တိမ်းမှောက်မှုတွင် လူ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.