ရန်ကုန် ၊ မေ ၁၁ ရက်(ဆင်ဟွာ) နိုင်ငံတစ်ဝန်း ယခုနှစ် မိုးကြိုကာလ ဖြစ်သည့် ဧပြီ ၉ ရက်မှ မေ ၁၀ ရက် အထိ လေပြင်းဘေးအန္တရာယ်ကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ဦး ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့်...
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများပြားလာသည့်အတွက် နှာခေါင်းစည်းမတပ်ပါက အရေးယူမှုများ ဆောင်ရွက်သွားရန်စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ COVID-19 ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြန်ကြားရေးဒုတိယဥက္ကဋ္ဌနော်ပန်းသဉ္ဇာမျိုးက ဆိုသည်။
နေပြည်တော်၊ မေ ၁၁ ရက်(ဆင်ဟွာ) COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီနှင့် KNU (Karen National Union) အဖွဲ့တို့သည် online ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ မေ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ အီဂျစ်နိုင်ငံသို့ ကူညီလှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေ ၁၀ ရက်က အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတွင် ကျင်းပခဲ့သည်။
ဘန်ကောက် ၊ မေ ၁၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချာတူချတ်(Chatuchak) ဈေးကြီးကို COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး တင်းကြပ်သော စည်းကမ်းကန့်သတ်ချက်များဖြင့် မေ ၉ ရက်တွင် ပထမဆုံးနေ့ အဖြစ် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ chaoyang မြို့တွင် ကျင်းပလျက်ရှိသည့် Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် လေးပွဲကစားလေးပွဲနိုင်ထားပြီး မေ...
မော်စကို ၊ မေ ၁၁ ရက်(ဆင်ဟွာ) ဒုတိယကမ္ဘာစစ်၏ သမိုင်းအမှန်ကို ပုံပျက်အောင် နှင့် နာဇီဂျာမနီများအား ချေမှုန်းခဲ့သည့် ဆိုဗီယက်ပြည်ထောင်စု၏ အခန်းကဏ္ဍကို မှေးမှိန်အောင် အမေရိကန်နိုင်ငံက လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံက ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ မေ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်စ်(Mike Pence) ၏ သတင်းထုတ်ပြန်ရေးမှူးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဒုသမ္မတပန့်သည် မိမိကိုယ်ကို လူအများနှင့်ခပ်ခွာခွာ နေထိုင်ပြုမူလျက်ရှိကြောင်း အမေရိကန်မီဒီယာက မေ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ကျန့်အန်း၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန် ရှီးပြည်နယ် ဆန်းလော့မြို့ ကျန့်အန်းခရိုင်မြို့သည် ချင်းလျင်ရိုးမ တောင်တန်းတွင် တည်ရှိသည့် မြို့လေးတစ်မြို့ဖြစ်ရာ ယခုနှစ်ပိုင်းများတွင် အေးချမ်းသာယာလှပသော အပန်းဖြေအနားယူရာမြို့လေးတစ်မြို့အဖြစ် အခြေခံအဆောက်အဦ ပြည်စုံကောင်းမွန်သည့် စိမ်းလန်းစိုပြေဥယျာဉ်မြို့လေးအနေဖြင့် အဓိကထားတည်ဆောက်လျက်ရှိကြောင်း သိရသည်။