ဝါရှင်တန် ၊ မေ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့ညှိနှိုင်းကွပ်ကဲရေးမှူး ၊ စစ်ဦးစီးချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley က ကိုရိုနာဗိုင်းရပ်စ် အစပြုသည့်နေရာကို “ ကျွန်တော်တို့မသိပါဘူး” ဟု မေ ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဒါကာ ၊ မေ ၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ကြောင့် တစ်နိုင်ငံလုံး lockdown ချထားစဉ်အတွင်းမှာပင် တရုတ်နိုင်ငံမှ တည်ဆောက်ပေးနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြစ်ကူးတံတားကြီးဖြစ်သော Padma မြစ်ကူးတံတား၏ သံဘောင်(ရက်မ) ၂၉ ခုကို ချိတ်ဆက် တပ်ဆင်ပေးနိုင်ခဲ့ကြောင်း နှင့် ယင်းအတွက် တံတား၏ အရှည်ကို...
ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနများထံသို့ ဆေးဘက်ဆိုင်ရာ ကုသရေး...
တိဘက်၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တိဘတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချိုမိုလန်းမားတောင် (Qomolangma) ခေါ် ဧဝရက်တောင် အခြေစိုက်စခန်းတွင် အမှိုက်စွန့်ပစ်မည့်အဆောက်အအုံများကို တပ်ဆင်ထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။
ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မတ်လအထိ အွန်လိုင်းသတင်းဝန်ဆောင်မှုများကို ကြည့်ရှုသူ အရေအတွက်သည် ၇၃၁ သန်းအထိ ရှိလာပြီဖြစ်ကာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ၅၅ ဒသမ ၉၈ သန်းရှိရာမှ မြင့်တက်လာခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာအရ...
ဟန်ကျိုး၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းသည် လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီလ်ယပ်စ်မြို့သို့ ဦးတည်ကာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယီဝူမြို့မှ မေ ၄ ရက်က ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ရီရိုဒီဂျနေရို ၊ မေ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ၎င်း၏ချစ်ကြည်ရေးမြို့ဖြစ်သည့် ဘရာဇီးနိုင်ငံ ရစီးဖီမြို့(Recife)သို့ ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများကို ယခုရက်ပိုင်းတွင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဘရပ်ဆဲလ်၊မေ ၅ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းမင်သည် မေ ၄ ရက်က တရုတ်နိုင်ငံ အစိုးရကိုယ်စားလှယ်အနေဖြင့် COVID-19 ကပ်ရောဂါ ဖြေရှင်းရေး နိုင်ငံတကာ ရန်ပုံငွေစုဆောင်းမှုဆိုင်ရာ ဗွီဒီယို အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နည်းပညာမြင့်လုပ်ငန်းကြီးတစ်ခုဖြစ်သော ဟွာဝေးကုမ္ပဏီက သီရိလင်္ကာနိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး အတွက် အထောက်အကူဖြစ်စေမည့် တစ်စိတ်တစ်ပိုင်းအဖြစ် သီရိလင်္ကာအစိုးရထံ နည်းပညာမြင့်ကိရိယာများကို မေ ၄ ရက်က လှူဒါန်းခဲ့ကြောင်း သီရိလင်္ကာနိုင်ငံရှိ ဟွာဝေးရုံးခွဲမှ ထုတ်ပြန်ချက်အရ သိရသည်။ မြင့်မားသောရုပ်ထွက်ကြည်လင်မှုဗီဒီယို ကွန်ဖရင့်စနစ်ငါးခုနှင့်...
ဆူဗာ၊မေ ၅ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်သော ဖီဂျီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို တရုတ်နိုင်ငံက မေ ၄ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။