Connect with us

Science & Technology

တရုတ်နိုင်ငံတွင် အွန်လိုင်းသတင်းဝန်ဆောင်မှုများ အသုံးပြုသူ ၇၃၁ သန်းရှိကြောင်း အစီရင်ခံစာက ဖော်ပြ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူကျုံးမြို့ရှိ ကျေးလက်စာကြည့်တိုက်တစ်ခုတွင် အင်တာနက်အသုံးပြုနေသည့် ကျောင်းသားနှစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် မတ်လအထိ အွန်လိုင်းသတင်းဝန်ဆောင်မှုများကို ကြည့်ရှုသူ အရေအတွက်သည် ၇၃၁ သန်းအထိ ရှိလာပြီဖြစ်ကာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ၅၅ ဒသမ ၉၈ သန်းရှိရာမှ မြင့်တက်လာခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

အွန်လိုင်းသတင်းဝန်ဆောင်မှုများ အသုံးပြုသူများသည် နိုင်ငံရှိ အင်တာနက်သုံးစွဲသူဦးရေ ၉၀၄ သန်း၏ ၈၀ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း တရုတ်နိုင်ငံ အင်တာနက်ကွန်ရက် သတင်းအချက်အလက်စင်တာက ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် မိုဘိုင်းဖုန်းများမှတစ်ဆင့်  အင်တာနက် အသုံးပြုသူအရေအတွက်သည် ၂၀၁၈ ခုနှစ် ၇၃ ဒသမ ၅၆ သန်းရှိရာမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ ၇၂၆ သန်းအထိ မြင့်တက်လာခဲ့ပြီး မိုဘိုင်းဖုန်းအသုံးပြု၍ အင်တာနက်သုံးစွဲသူ စုစုပေါင်း၏ ၈၁ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာအရ သိရသည်။

ထို့ပြင် သမာရိုးကျမီဒီယာတင်ဆက်မှုများအနေဖြင့် ၎င်းတို့၏ သတင်းဖြန့်ချိရေးချန်နယ်များကို မျိုးစုံပြောင်းလဲထုတ်လုပ်ရန် သတင်းစုပေါင်းရေးနှင့် အွန်လိုင်းဖျော်ဖြေရေးပလက်ဖောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နေရကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

5G နှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နည်းပညာသစ်များက သမာရိုးကျမီဒီယာပုံစံနှင့် အင်တာနက် အခြေပြု မီဒီယာသစ် ပေါင်းစည်းရေးကို လောင်စာဖြည့်ဆည်းပေးခဲ့ကြောင်း အစီရင်ခံစာက ဖြည့်စွက်ဖော်ပြထားသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117