Connect with us

WORLD

သီရိလင်္ကာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် နည်းပညာမြင့်ကိရိယာများ ဟွာဝေး လှူဒါန်း 

သီရိလင်္ကာနိုင်ငံရှိ ဟွာဝေးကုမ္ပဏီမှ နည်းပညာမြင့်ပစ္စည်းကိရိယာများ လှူဒါန်းမှု လွှဲပြောင်းခြင်းအခမ်းအနားတွင် ဟွာဝေးနှင့် သီရိလင်္ကာနိုင်ငံ အစိုးရမှ ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နည်းပညာမြင့်လုပ်ငန်းကြီးတစ်ခုဖြစ်သော ဟွာဝေးကုမ္ပဏီက သီရိလင်္ကာနိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး အတွက် အထောက်အကူဖြစ်စေမည့် တစ်စိတ်တစ်ပိုင်းအဖြစ် သီရိလင်္ကာအစိုးရထံ နည်းပညာမြင့်ကိရိယာများကို မေ ၄ ရက်က လှူဒါန်းခဲ့ကြောင်း သီရိလင်္ကာနိုင်ငံရှိ ဟွာဝေးရုံးခွဲမှ ထုတ်ပြန်ချက်အရ သိရသည်။

မြင့်မားသောရုပ်ထွက်ကြည်လင်မှုဗီဒီယို ကွန်ဖရင့်စနစ်ငါးခုနှင့် ကိုယ်ခန္ဓာအပူချိန်ကို တိတိကျကျတိုင်းတာပေးနိုင်သော ကင်မရာ ခြောက်ခု ပါဝင်သည့် လှူဒါန်းပစ္စည်းများအား သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပတ်ဆာ (Mahinda Rajapaksa) က လွှဲပြောင်းလက်ခံခဲ့သည်။ 

ယခုလို စိန်ခေါ်မှုရှိသောကာလတွင် တန်ဖိုးရှိ ICT ကဏ္ဍများကို မြင်တွေ့ရသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ဟွာဝေး၏ အချိန်မီကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ် မာဟင်ဒါ ရာဂျာပတ်ဆာက လှူဒါန်းပစ္စည်းလွှဲပြောင်းခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံရှိ ဟွာဝေးကုမ္ပဏီ အမှုဆောင်အရာရှိချုပ် လျန်ရီက ဟွာဝေးအနေဖြင့် ICT နည်းပညာများသည် လက်ရှိအခြေအနေများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“ဟွာဝေးက လှပတဲ့ ကျွန်းနိုင်ငံကို ကပ်ရောဂါတိုက်ဖျက်ရေး အနိုင်ရရန် ကူညီဖို့နဲ့ ပျော်ရွှင် ရောင့်ရဲမှုတွေကို ပြည်သူတွေရဲ့ ဘဝတေွဆီ ပြန်လည်ယူဆောင်ပေးဖို့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ဆက်လက်ထောက်ပံ့သွားမယ်” ဟု လျန်က ပြောခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၈ ဦးရှိပြီဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.