Politics, Law & Military
ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲက ဘာတွေ မျှော်လင့်ထားလဲ
ပေကျင်း ၊ မေ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲကို လာမည့် မေလ ၁၄ ရက် မှ ၁၅ ရက်နေ့အထိ ကျင်းပကြသွားရန် ရှိနေပေသည်။ ၎င်း နှီးနှောဖလှယ်ပွဲအကြောင်းကို စာဖတ်သူများပိုမိုသိရှိစေရန်အတွက် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဆင်ဟွာသတင်းဌာနက ကဏ္ဍအလိုက် ရေးသားဖော်ပြပေးသွားမည် ဖြစ်ပေသည်။
ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြမည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ကို မေလလယ် တွင် ကျင်းပမှာ ဖြစ်ပြီး ၎င်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံက အာဖရိက ၊ ဥရောပ နှင့် အာရှ တိုက်များကို ချိတ်ဆက်ပေးမည့် အခြေခံအဆောက်အအုံ အစီအစဉ် နှင့် ကုန်သွယ်ရေး အဆိုပြုချက်များကို တင်ပြသွားရန် ရှိသည်ဟုလည်း သိရသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲမှ တဆင့် တရုတ်နိုင်ငံသည် ပို၍ ပွင့်လင်းပြီး ထိရောက်မှုရှိမည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လျှောက်လမ်းတစ်ခုကို တည်ဆောက်သွားမှာဖြစ်သလို နိုင်ငံတကာအစိုးရစနစ်မျှခြေထိန်းညှိခြင်း နှင့် ကျိုးကြောင်းဆီလျှော်ခြင်းတို့အတွက် ပိုမိုတွန်းအားပေးရန် အပါအဝင် ပိုမိုခိုင်မာသော မိတ်ဘက်ဆက်ဆံရေး နှင့် ရင်းနှီးမှုကို တည်ဆောက်သွားမည်ဖြစ်သည်။
အောက်ပါအချက်တို့မှာ မကြာမီကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ အပေါ် စာဖတ်သူများ သိထားရန် လိုအပ်သော အကြောင်းအရာ ကဏ္ဍများဖြစ်ပါသည်။
ရည်မှန်းချက်အသစ်
တရုတ်နိုင်ငံ ပေကျင်းမြို့၌ မေလ ၁၄ ရက် မှ ၁၅ ရက်အထိ ကျင်းပမည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ၏ ဆောင်ပုဒ်မှာ “ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း နှင့် win-win ဖွံ့ဖြိုးတိုးတက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီးကို အတူတကွ တည်ဆောက်ခြင်း” ဟူ၍ ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ကိုယ်တိုင်တက်ရောက်မှာဖြစ်သလို စကားဝိုင်းဆွေးနွေးပွဲ၏ ဦးဆောင်သူအဖြစ်လည်း လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။
နှီးနှောဖလှယ်မှုပုံစံမှာ ယေဘုယျသဘောတူညီချက် ပိုမိုရရှိရေး ၊ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းအတည်ပြုရေး၊ စီမံကိန်းများကို အကောင်အထည်ဖော်ရန်တွန်းအားပေးရေး နှင့် ထောက်ခံအားပေးသည့်စနစ်များကို တိုးတက်အောင်ဆောင်ရွက်ရေး တို့ဖြစ်ကြောင်း သိရသည်။
သမိုင်း အမွေအနှစ်
ခေတ်သစ်ပိုးလမ်းမကြီးသည် ၂၁ ရာစု ပင်လယ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမ နှင့် ပိုးလမ်းမစီးပွားရေး ၏မြေပြင်ကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ နှင့် အောက်တိုဘာလ များတွင် ကာဇက်စတန် နိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့အားသွားရောက်လည်ပတ်သည့် ခရီးစဉ်များအပြီးတွင် ပထမဆုံး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
“ ငြိမ်းချမ်းရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး ၊ တံခါးဖွင့်ခြင်း နှင့် အားလုံးပါဝင်နိုင်ရေး ၊ အပြန်အလှန်လေ့လာသင်ယူမှု နှင့် အပြန်အလှန် အကျိုးပြုမှုများ” ဟူသော ရှေ့ခေတ် ပိုးလမ်းမ စိတ်ဓာတ်ခွန်အားပေါ် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ မျက်မှောက်ခေတ်ကာလတွင် အာရှ နှင့် ဥရောပ ၊ အာရှ နှင့် အာဖရိက နိုင်ငံများအား ကူးပြောင်းချိတ်ဆက်ပေးနိုင်မည့် ကွန်ရက်တစ်ခုကို တည်ဆောက်သွားရန် ပစ်မှတ်ထားပြီး သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် ဘုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် တွန်းအားပေးသွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
နိုင်ငံတကာ အသိအမှတ်ပြုခြင်း
ခေတ်သစ်ပိုးလမ်းကြီးကို ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော် နှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာ ပူးပေါင်းပါဝင်ထားပြီး ၎င်းတို့အနက် ၄ဝ ကျော်က တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုကို လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံ ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ နှင့် APEC စသည့်အဖွဲ့အစည်းများနှင့် အားလုံးပူးပေါင်းဆောင်ရွက်ခြင်း (သို့မဟုတ်) ၎င်းတို့၏ သဘောတူညီမှုများ နှင့် မှတ်တမ်းမှတ်ရာများကို ခေတ်သစ်ပိုးလမ်းကြီး ပူးပေါင်းဆောင်ရွက်မှုက ထင်ဟပ်စေပါသည်။
ချိတ်ဆက်မှုအခွင့်အလမ်းများ
အဓိကပို့ဆောင်ရေး၏ အတွဲလိုက် အစီအစဉ်များ ၊ စွမ်းအင် ၊ ဆက်သွယ်ရေးစီမံကိန်းများ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Padma ရထားလမ်းအတွက် ကဏ္ဍစုံ အဆိုပြုချက် အပါအဝင် ၊ လွန်ခဲ့သော သုံး နှစ် နှင့် အထက် ကာလကတည်းက မျက်မြင်တည်ဆောက်ခဲ့ပြီးဖြစ်သော တရုတ်- ပါကစ္စတန် စီးပွားရေး စြင်္ကန် နှင့် ဥရောပသို့မောင်းနှင်မည့် တရုတ်ရထားလမ်းပိုင်း အစီအစဉ်များလည်း ပါဝင်သည်။
နှောင့်နှေးခြင်းမရှိသော ကုန်သွယ်ရေး
တရုတ်နိုင်ငံ နှင့် ခေတ်သစ်ပိုးလမ်းကြီး တစ်လျှောက်ရှိ နိုင်ငံများ၏ ၂ဝ၁၆ ခုနှစ်အတွင်း ကုန်သွယ်ရေးပမာဏ စုစုပေါင်းသည် တရုတ် ယွမ် ၆.၃ ဘီလီယံ ( အမေရိကန်ဒေါ်လာ 913 ဘီလီယံကျော်) ရှိခဲ့ရာ တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး၏ လေးပုံတစ်ပုံကျော်အထိ ရှိနေသည်။
တရုတ်စီးပွားရေးလုပ်ငန်းများ၏ ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံထားသော ပမာဏမှာ အမေရိကန်ဒေါ်လာ ၅ဝ ဘီလီယံကျော် ရှိပြီး နိုင်ငံပေါင်း ၂ဝတွင် စီးပွားရေး နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဇုန် ၅၆ ခု တည်ဆောက်ရန် အကူအညီပေးခဲ့ကြောင်း နှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၈ဝဝဝဝ နှင့် အခွန်စည်းကြပ်ငွေ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံနီးပါးအထိ ရရှိစေခဲ့ကြောင်း သိရသည်။
ငွေကြေးဆိုင်ရာပေါင်းစည်းခြင်း
တရုတ်နိုင်ငံသည် ပိုးလမ်းမကြီးရန်ပုံငွေတစ်ခုအတွက် အမေရိကန်ဒေါ်လာ ၄ဝ ဘီလီယံ အသုံးပြုရန် ရည်မှန်းထားကြောင်း နှင့် အာရှနိုင်ငံများတွင် အခြေခံအဆောက်အအုံအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ရန်အတွက် ၂ဝ၁၅ခုနှစ်တွင် အာရှ အခြေခံအဆောက် အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ကို တည်ထောင်ခဲ့သည်။
လက်ရှိအချိန်ထိ AIIB ဘဏ်သည် မိတ်ဘက် အဖွဲ့အစည်းပေါင်း ၇ဝ ထိ ရရှိထားပြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုဘဏ်၏ စုစုပေါင်း ချေးငွေသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံထိ ရောက်ရှိနေပြီဖြစ်သည်။
စီးပွားရေးစြင်္က ံ
တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး၏ မူဘောင်အတွက် စီးပွားရေးစြင်္က ံ ၆ ခုကို တည်ဆောက်ရန် ရှေးရှုထားပြီး ၎င်းတို့မှာ ခေတ်သစ်ဥရောပ-အာရှတိုက်ငယ်ပေါင်းကူးရေးတံတား ၊ တရုတ်-မွန်ဂိုလီးယား-ရုရှား စြင်္က ံ ၊ တရုတ် – အာရှဗဟိုပိုင်း – အာရှအနောက်ပိုင်း စြင်္က ံ ၊ တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စြင်္က ံ ၊ တရုတ်-ပါကစ္စတန် စြင်္က ံ နှင့် ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယ -မြန်မာ စြင်္က ံတို့ဖြစ်သည်။
ဥရောပ အာရှကို ဖြတ်၍ ချိတ်ဆက်ထားသော ကုန်သွယ်ရေး နှင့် ပို့ဆောင်ရေး ကွန်ရက်တစ်ခုသည် စြင်္က ံ၆ ခုနှင့်အတူ ဒေသတွင်းအတွက် ခိုင်မာသောအုတ်မြစ် နှင့် ဒေသဖြတ်ဖွံ့ဖြိုးမှု စီမံကိန်းများဖြစ်သည်။
ပြည်သူ မှ ပြည်သူ ချည်နှောင်မှုကြိုး
ရထားလမ်း နှင့် ဆိပ်ကမ်းများ တည်ဆောက်၍ ပို့ဆောင်ရေး နှင့် ခရီးသွားလာရေးအတွက် အမာစားချိတ်ဆက်မှုတည်ဆောက်နေသည့်ကာလအတွင်းမှာပင် ပြည်သူအချင်းချင်းချိတ်ဆက်မှု အပျော့စား ချိတ်ဆက်မှုလည်း ယူဆောင်ပေးမည်ဖြစ်သည်။
၂ဝ၁၆ ခုနှစ် ဇွန်လ ၂၂ ရက်က ဥဇဘတ်ကစ္စတန်နိုင်ငံ Tashkent ဥပဒေပြုလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အစိမ်းရောင်ဖွံ့ဖြိုးမှုတည်ဆောက်ရေး ၊ ကျန်းမာရေး ၊ အသိဉာဏ်ပညာဖွံ့ဖြိုးရေး နှင့် ငြိမ်းချမ်းသည့် ပိုးလမ်းမဖြစ်ပေါ်ရေးတို့ကို အနာဂတ်တွင် ဖော်ဆောင်သွားရမည်ဟု ပြောကြားခဲ့သည်။
ကမ္ဘာ့လွှမ်းခြုံမှုစနစ်
ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ၏ ထူးခြားချက်မှာ အထူးသဖြင့် အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်နေသော ကမ္ဘာ့လွှမ်းခြုံမှုစနစ် ဆန့်ကျင်ရေး မြင့်တက်လာခြင်းကို ဆွေးနွေးရန်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အနောက်အင်အားကြီးနိုင်ငံများသည် တစ်သီးတစ်ခြားဖြစ်ခြင်း နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ခြင်း တို့ကို ပြုမူဆောင်ရွက်လျက်ရှိသည်။တရုတ်နိုင်ငံသည် တံခါးဖွင့်ခြင်း နှင့် အားလုံးပါဝင်နိုင်ရေး စိတ်ထက်သန်မှုတစ်ခုဖြင့် ကမ္ဘာ့လွှမ်းခြုံစနစ်ကို တွန်းအားပေးဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်နည်းနာနိသျှဖြင့် ကမ္ဘာ့ လွှမ်းခြုံမှုကို တွန်းအားပေးခြင်း နှင့် တံခါးဖွင့်ဝါဒ ဆက်လက်ကျင့်သုံးခြင်းကို လုပ်ဆောင်သွားလိမ့်မည်ဖြစ်သည်။
ကျယ်ကျယ်ပြန့်ပြန့်ပါဝင်မှု
မေလလယ်တွင်ကျင်းပမည့် ဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၁၁ဝ မှ အစိုးရအရာရှိကြီးများ ၊ ပညာရှင်များ ၊ လုပ်ငန်းရှင်များ ၊ ငွေးကြေးဆိုင်ရာ ကိုယ်စားလှယ်များ နှင့် မီဒီယာအဖွ ဲ့အစည်း များအပါအဝင် လူပေါင်း ၁၂ဝဝ ကျော်တက်ရောက်ရန် ရှိသည်။ ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၆ဝ ကျော်လည်း တက်ရောက်ရန် ရှိနေသည်။
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ညွှန်ကြားရေးမှူး Christine Lagarde အပါအဝင် အနည်းဆုံးကမ္ဘာ့နိုင်ငံပေါင်း ၂၈ နိုင်ငံမှ နိုင်ငံ့အကြီးအကဲများ တက်ရောက်မည်ဖြစ်သည်။
စစ်မှန်သောရလဒ်များထွက်ပေါ်မည်
ဆွေးနွေးချက်များကို အကောင်အထည်ဖော်ခြင်းဖြင့် နှီးနှောဖလှယ်ပွဲမှ ကောင်းမွန်သောရလဒ်များထွက်ပေါ်မည်ဟု မျှော်လင့်ထားသည်။ ယင်းအခမ်းအနားတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၂ဝ ၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂ဝ ကျော် နှင့် သဘောတူညီမှုလက်မှတ်ရေးထိုးရန် မျှော်လင့်ထားသည်။
တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းကြီးတစ်လျှောက်နိုင်ငံများ နှင့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ၊ ထုတ်ကုန်အရည်အသွေး ၊ စွမ်းအင် နှင့် အရင်းအမြစ် ၊ အခြေခံအဆောက်အအုံ နှင့်သက်ဆိုင်သော စီမံကိန်းပေါင်း ၂ဝ နီးပါးကို လုပ်ဆောင်သွား၇န် ရှိသည်။
ခေါင်းဆောင်များ၏ စကားဝိုင်း နှီးနှောဖလှယ်ပွဲကို မေလ ၁၅ ရက်တွင်ကျင်းပသွားမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ၊ ရည်မှန်းချက်ပန်းတိုင်များကို ထည့်သွင်းဆွေးနွေးကြမည်ဖြစ်သည်။
နှီးနှောဖလှယ်ပွဲ ကာလအတွင်း တက်ရောက်လာသူအားလုံးအနေဖြင့် အဓိကပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း နှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ခြင်းဗဟိုဌာန တည်ထောင်ခြင်းများကို ဆောင်ရွက်သွားကြမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ထောက်ခံအားပေးသည့် ဘဏ္ဍာရေးုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးသွားကြမည်ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် တက်ရောက်လာသော နိုင်ငံအားလုံး နှင့်အတူ ငွေးကြေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးယန္တယားတစ်ခုအပါအဝင် ကျွမ်းကျင်မှုသင်တန်း ၊ အပြန်အလှန်ဖလှယ်မှုများ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ၊ သိပ္ပံ နှင့် နည်းပညာ ကဏ္ဍများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လျှောက်လမ်းတစ်ခု ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)