Connect with us

Politics, Law & Military

ဖုန်းခိုးဂိုဏ်အား ပေကျင်းရဲတပ်ဖွဲ့ ဖမ်းဆီးဖြိုခွဲပြီး ခိုးရာပါဖုန်းများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်

အခိုးခံရသည့် ဖုန်းများအား မူလပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်ရန် စစ်ဆေးနေသည့် ပေကျင်းရဲအရာရှိ နှစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)

ပေကျင်းရဲတပ်ဖွဲ့သည် ဖုန်းသူခိုးများ ပါဝင်သော ဂိုဏ်းတစ်ခုအား မကြာသေးမီက ဖြိုခွဲခဲ့ပြီး တရားခံလေးဦး နှင့် အတူ မိုဘိုင်းဖုန်း ၅၂၅လုံးအား ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် သိမ်းဆည်းရမိခဲ့သော ဖုန်းအချို့အား မူလပိုင်ရှင်များထံ မေ ၃ ရက်က ပြန်လည် ပေးအပ် ခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများ နှစ်ဝက်ခန့်ပြုလုပ်ပြီးနောက် အဆိုပါဂိုဏ်းသည် ပေကျင်းမြို့အနှံ့ မှ မိုဘိုင်းဖုန်းများကို ခိုးယူခဲ့ပြီး ခိုးရာပါဖုန်းများကို Daxing ခရိုင်ရှိ နေအိမ်တစ်ခုတွင် ဝှက်ထားကြောင်း ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။

ဧပြီ ၂၀ ရက်တွင် ရဲတပ်ဖွဲ့က ဖုန်းခိုးဂိုဏ်းတွင်ပါဝင်သော တရားခံ လေးဦးစလုံး နှင့် အတူ မိုဘိုင်းဖုန်း ၅၂၅လုံးအပါအဝင် အခြား ဖုန်းအပိုပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က တရားခံများအား ထိန်းသိမ်းထားပြီး ကျန်ရှိနေသေးသော အခိုးခံရသည့် ဖုန်းများ၏ မူလပိုင်ရှင်များကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

အလားတူပင် ပေကျင်းမြို့တွင် ဖုန်းခိုးဂိုဏ်းတစ်ခုအား မိုဘိုင်းဖုန်း ၅၀၀ ကျော် အပါအဝင် အများပြည်သူပို့ဆောင်ရေး ကတ် ၂၀၀ နှင့် အတူ ၂၀၁၆ခုနှစ် သြဂုတ်လ က ဖမ်းဆီးခဲ့ပြီး ယင်းဂိုဏ်းခေါင်းဆောင်၏ ညီဖြစ်သူသည်လည်း ဖုန်းခိုးမှုတွင် ပါဝင်နေကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.