Connect with us

Science & Technology

14 အာကာသယာဉ်မှူးများ ကွာရန်တင်းကာလကုန်လွန်၍ ကနဦးကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီးနောက် စာနယ်ဇင်းများနှင့် တွေ့ဆုံ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ အလေးပြုနေကြသော တရုတ်အာကာသယာဉ်မှူးများဖြစ်သော ချန်တုန်း (ယာဘက် ဒုတိယ) ၊ လျိုရန် (ယာဘက် ပထမ) နှင့် ချိုက်ရွှိကျယ် (ယာဘက် တတိယ) တို့အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေသော Shenzhou-14 တရုတ်အာကာသယာဉ်မှူး ချိုက်ရွှိကျယ်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေသော Shenzhou-14 တရုတ်အာကာသယာဉ်မှူး ချန်တုန်းအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေသော Shenzhou-14 တရုတ်အာကာသယာဉ်မှူး လျိုရန်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Shenzhou-14 အာကာသယာဉ်မှူးများသည် ဒီဇင်ဘာလက ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိချိန်မှစ၍ ပထမဆုံးအကြိမ် အများပြည်သူရှေ့သို့ ထွက်ပေါ်လာခြင်းအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်က စာနယ်ဇင်းများနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါ အာကာသယာဉ်မှူးများသည် ကွာရန်တင်း (quarantine) နှင့် အားဖြည့်ခြင်းအဆင့်များ ပြီးဆုံးခဲ့ပြီဖြစ်ကာ ယခုအခါ စောင့်ကြည့်ခြင်းအဆင့်၌ ရောက်ရှိနေပြီဖြစ်ကြောင်း ပေကျင်းမြို့ရှိ တရုတ်နိုင်ငံ အာကာသယာဉ်မှူးစင်တာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအရ သိရသည်။

လက်ရှိတွင် အဆိုပါ အာကာသယာဉ်မှူးများသည် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကောင်းမွန်လျက်ရှိသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်များမှာလည်း မစ်ရှင်မစတင်ခင်ကပမာဏနှင့် အလားတူအဆင့်ရှိကြောင်း၊ ၎င်းတို့၏ ကြွက်သားကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် နှလုံးလုပ်ဆောင်မှုများလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
၎င်းတို့အနေဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ပြီးစီးပြီးနောက် ပုံမှန်လေ့ကျင့်ခန်းများကို ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇွန် ၅ ရက်တွင် လွှတ်တင်ခဲ့သော Shenzhou-14 အာကာသယာဉ်က ချန်တုန်း၊ လျိုရန်နှင့် ချိုက်ရွှိကျယ်တို့အား တရုတ်နိုင်ငံ၏ အာကာသစခန်း ထျန်းဟဲပင်မခန်းသို့ ပို့ဆောင်ပေးခဲ့သည်။(Xinhua) xhtxs.cn/ENz

#China #Shenzhou_14 #Astronauts #Quarantine #တရုတ် #အာကာသယာဉ်မှူးများ #ကွာရန်တင်း
………………………………
Shenzhou-14 astronauts meet press after quarantine, initial recovery
The three astronauts of China’s Shenzhou-14 crewed mission met with press on Friday, in their first such appearance since returning to Earth in December.
The astronauts have completed their quarantine and recuperation stages, and have now moved to the observation stage, according to the press conference held at the Astronaut Center of China in Beijing.
At present, the crew are in good physical and mental condition. Their weights are at the same levels as they were prior to their missions, and they have restored their muscle strength, endurance and cardio functions further.
They will resume their regular training after completing health assessments.
Launched on June 5, 2022, the Shenzhou-14 spaceship sent Chen Dong, Liu Yang and Cai Xuzhe to China’s space station core module Tianhe. xhtxs.cn/ENz
Photo 1: Chinese astronauts Chen Dong (2nd R), Liu Yang (1st R) and Cai Xuzhe (3rd R), the three Shenzhou-14 crew members, salute during a press conference in Beijing, capital of China, Feb. 17, 2023. (Xinhua/Guo Zhongzheng)
Photo 2: Chinese astronaut Cai Xuzhe, a Shenzhou-14 crew member, speaks during a press conference in Beijing, capital of China, Feb. 17, 2023. (Xinhua/Guo Zhongzheng)
Photo 3: Chinese astronaut Chen Dong, a Shenzhou-14 crew member, speaks during a press conference in Beijing, capital of China, Feb. 17, 2023. (Xinhua/Guo Zhongzheng)
Photo 4: Chinese astronaut Liu Yang, a Shenzhou-14 crew member, attends a press conference in Beijing, capital of China, Feb. 17, 2023. (Xinhua/Guo Zhongzheng)