Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ်က လွတ်လပ်သောကုန်သွယ်ရေးဇုန်များ၊ စီမံအုပ်ချုပ်မှုပြန်လည်သုံးသပ်ရေး စည်းမျဉ်းစည်းကမ်းဆိုင်ရာ အစည်းအဝေးကို ကြီးမှူးကျင်းပ 

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် မြို့တော် ပေကျင်းတွင် ၂၀၂၅ ခုနှစ် မတ် ၂၃ ရက်က ကျင်းပသော ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ကာ အရေးကြီးမိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် နိုင်ငံတော်ကောင်စီ အမှုဆောင်အစည်းအဝေးကို ဧပြီ ၁၇ ရက်က ကြီးမှူးကျင်းပခဲ့ပြီး ရှေ့ပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန်များ (FTZs) တိုးတက်မှုအစီရင်ခံစာကို ကြားနာခဲ့ပြီး  ပြင်ဆင်ထားသည့် စီမံအုပ်ချုပ်မှုပြန်လည်သုံးသပ်ရေး စည်းမျဉ်းစည်းကမ်းအား အတည်ပြုခဲ့ကြောင်း သိရသည်။ 

၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာကွန်ဂရက်မှစ၍ တရုတ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်ရေးဇုန်များမှာ ပြုပြင်ပြောင်းလဲမှုနက်ရှိုင်းခြင်း၊ တံခါးဖွင့်လှစ်မှု တိုးချဲ့ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်း စသည်တို့တွင် အောင်မြင်ဖြစ်ထွန်းမှုများ ရရှိခဲ့ပြီး ဘက်စုံ ရှေ့ပြေးပလက်ဖောင်းများအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးလိုက်ကြောင်း အဆိုပါ အစည်းအဝေးက မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် FTZ အဆင့်မြှင့်တင်ခြင်းမဟာဗျူဟာ အကောင်းအထည်ဖော်ရေး၊ ပြည်လုံးဆိုင်ရာ အလုံးစုံဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် FTZ များ အဆင်ပြေချောမွေ့ရေးအတွက် အစည်းအဝေးက တိုက်တွန်းထားသလို ဒေသအလိုက် အထူးမူဝါဒများသတ်မှတ်၍ အရည်အသွေးမြင့် FTZ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့် ရှန်ဟိုင်းနှင့် အခြား FTZ များအား စံနှုန်းမြင့်မားသည့် နိုင်ငံတကာ ကုန်သွယ်စီးပွားစည်းမျဉ်းများနှင့် ချိတ်ဆက်ရန် ပံ့ပိုးလျက်ရှိကာ စည်းမျဉ်းများ၊ စီမံခန့်ခွဲမှုနှင့် စံချိန်စံနှုန်းများ၌ အဖွဲ့အစည်းဆိုင်ရာ တံခါးဖွင့်လှစ်မှုကိုလည်း တည်ငြိမ်စွာ အဆင့်မြှင့်တင်လျက်ရှိကြောင်း အစည်းအဝေးထံမှ သိရသည်။ စီမံအုပ်ချုပ်မှုပြန်လည်သုံးသပ်ခြင်းနှင့်စပ်လျဉ်း၍မူ ယင်းအစည်းအဝေးက အသစ်ပြင်ဆင်ထားသော စည်းမျဉ်းစည်းကမ်းတွင် ဆက်စပ်သောဥပဒေပြဋ္ဌာန်းချက်များကို မွမ်းမံပေးပြီး လက်တွေ့ကျင့်သုံးရာ၌ ပေါ်ပေါက်လာသောကိစ္စရပ်အသစ်များကို ကိုင်တွယ်ဖြေရှင်းပေးလျက်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။ ထို့နောက် ဒေသန္တရနှင့် ဌာနအဖွဲ့အစည်းများအားလုံးအနေဖြင့် မိမိကိုယ်တိုင်ကြီးကြပ်စစ်ဆေးမှု အားကောင်းစေရန်၊ စီမံအုပ်ချုပ်မှုလုပ်ငန်းဆောင်တာများ စံချိန်စံနှုန်းမီစေရန်နှင့် အစိုးရ၏ စီမံအုပ်ချုပ်မှု စွမ်းဆောင်ရည်နှင့် အများယုံကြည်လက်ခံမှုကို စဉ်ဆက်မပြတ်မြှင့်တင်ရန်လည်း ဖော်ပြခဲ့ကြောင်း သိရသည်။။ (Xinhua)

————————

(English Version) 

Chinese premier chairs meeting on FTZs, administrative reconsideration regulationBEIJING, April 17 (Xinhua) — Chinese Premier Li Qiang chaired a State Council executive meeting on Friday, which heard a report on the development of pilot free trade zones (FTZs) and approved a revised regulation on the implementation of the Administrative Reconsideration Law.The meeting noted that since the 18th National Congress of the Communist Party of China, the country’s FTZs have achieved breakthroughs in deepening reform, expanding opening up, and promoting development, effectively fulfilling their roles as comprehensive pilot platforms.It called for implementing an FTZ upgrading strategy, and facilitating FTZs to better serve overall national development, adding that region-specific policies 

should be adopted to promote high-quality FTZ development.China supports Shanghai and other FTZs in aligning with high-standard international economic and trade rules, and steadily advancing institutional opening up in rules, management and standards, according to the meeting.On administrative reconsideration, the meeting noted that the newly revised regulation refines relevant legal provisions, and addresses new issues in practices.The meeting called on all localities and departments to strengthen self-supervision, standardize administrative actions, and continuously enhance the government’s governance capacity and credibility.Photo: Chinese Premier Li Qiang attends the opening ceremony of the China Development Forum 2025 and delivers a keynote speech, in Beijing, capital of China, March 23, 2025. (Xinhua/Huang Jingwen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.