Media
ကင်ညာ တက္ကစီလုပ်ငန်းအား အစိမ်းရောင်သယ်ယူပို့ဆောင်ရေး အားပေးမြှင့်တင်ရန် တရုတ်လျှပ်စစ်ကားအစီးရေ ၁၀၀ မိတ်ဆက်
နိုင်ရိုဘီ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ကင်ညာနိုင်ငံက အစိမ်းရောင်သယ်ယူပို့ဆောင်ရေး အားပေးမြှင့်တင်သည့်အနေဖြင့် တရုတ်လျှပ်စစ်တက္ကစီကား အစီးရေ ၁၀၀ အား အောက်တိုဘာ ၃၀ ရက်က စတင်အသုံးပြုခဲ့ကြောင်း သိရသည်။
ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ၌ ပြေးဆွဲနေသည့် တက္ကစီယာဉ်မောင်းများထံ Neta V လျှပ်စစ်ကားများအား အငှားချပေးမည် ဖြစ်ပြီး ပြည်တွင်းသယ်ယူပို့ဆောင်ရေးအခင်းအကျင်း အသွင်ပြောင်းလဲရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောရေးရာဝန်ကြီးဌာန အစိုးရအဖွဲ့ဝန်ကြီး Aden Duale က သတင်းထောက်များအား ပြောကြားခဲ့သည်။
“ဒီမနက်မှာ မိတ်ဆက်လိုက်တဲ့ လျှပ်စစ်ကားအစီးရေ ၁၀၀ က သယ်ယူပို့ဆောင်ရေးမှာ ကျွန်တော်တို့ရဲ့ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်၊ အစီအစဉ်တွေနဲ့အညီ အသွင်ပြောင်းလဲဖို့အတွက် ကင်ညာနိုင်ငံရဲ့ ကတိကဝတ်၊ ပြီးတော့ သမ္မတ Ruto ရဲ့ ကတိကဝတ်တွေရဲ့ စံနမူနာပြ ဖြစ်ပါတယ်။ ခေတ်မီ လျှပ်စစ်ကားတွေ ဦးဆောင်မှုက ကျွန်တော်တို့ရဲ့ ၂၀၃၀ မျှော်မှန်းချက်နဲ့ အမျိုးသားအဆင့် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်အစီအစဉ်တွေမှာ ဖော်ပြထားတဲ့အတိုင်း ကာဗွန်လျော့နည်းပြီး ရာသီဥတုဒဏ်ခံနိုင်တဲ့ အနာဂတ်အထိ ကျွန်တော်တို့ရဲ့ ပိုမိုကျယ်ပြန့်တဲ့ မျှော်မှန်းချက်ကို ဆိုလိုတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ကင်ညာနိုင်ငံတွင် နှစ်ဘီးတပ်၊ သုံးဘီးတပ်နှင့် ခရီးသည်တင်နှင့် စီးပွားရေးလုပ်ငန်းသုံးယာဉ်များအပါအဝင် လျှပ်စစ်ကား အမျိုးအစားမျိုးစုံ ၅,၀၀၀ ခန့် ရှိကြောင်း ကင်ညာနိုင်ငံ စွမ်းအင်နှင့် ရေနံ ကြီးကြပ်ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
Neta လျှပ်စစ်ကားများ ဖြန့်ချိသူ၊ Moja EV Kenya ၏ CEO ဖြစ်သူ Wang Aiping က သန့်ရှင်းသော သယ်ယူပို့ဆောင်ရေး ရွေးချယ်မှုများအတွက် အရေးတကြီးလိုအပ်ချက်များအား အလေးပေးပြောကြားခဲ့သည်။ Neta V လျှပ်စစ်ကားများ မိတ်ဆက်ခြင်းက အန္တရာယ်ရှိသော ဓာတ်ငွေ့ထုတ်လွှတ်ခြင်းအား သိသိသာသာ လျော့ကျပြီး လျှပ်စစ်ကား အသွင်ပြောင်းမှုအား အရှိန်မြှင့်တင်ခြင်းဖြင့် နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို လျော့ပါးသက်သာစေမည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ဈေးကွက်အတွင်း ဝင်ရောက်သူအသစ်တစ်ခုအနေဖြင့် ကုမ္ပဏီက တက္ကစီယာဉ်မောင်းများအား ဦးတည်ထားခြင်းဖြစ်ကာ အားအပြည့်သွင်းထားပါက ကီလိုမီတာ ၃၈၀ အထိ သွားလာနိုင်သည့် Neta V မော်ဒယ်များနှင့်အတူ ရေရှည်တည်တံသော သယ်ယူပို့ဆောင်ရေးအား မြှင့်တင်ရန် ကာဗွန်ထုတ်လွှတ်မှုအား လျှော့ချရန် ရည်ရွယ်ကြောင်း Moja EV Kenya ထံမှ သိရသည်။ (Xinhua)
………………………..
(English Version)
100 Chinese EVs introduced to Kenyan taxi industry to promote green transport
Kenya on Wednesday launched 100 Chinese electric taxis to promote green transport in the country.
Aden Duale, cabinet secretary in the Ministry of Environment, Climate Change and Forestry, told journalists in Nairobi, the capital of Kenya, that the Neta V electric vehicles (EVs) will be leased to taxi drivers operating in Nairobi, marking a significant step toward the revolution of the local transportation landscape.
SOUNDBITE (English): ADEN DUALE, Cabinet secretary in the Ministry of Environment, Climate Change and Forestry
“The introduction of the 100 electric vehicles this morning exemplifies Kenya’s commitment, and also President Ruto’s commitment to transforming transportation in line with our climate goals and agenda. The modern EVs leadership signifies our broader vision from a low-carbon climate-resilient future as outlined in our vision 2030 and our National Climate Action Plan.”
According to Kenya’s Energy and Petroleum Regulatory Authority, the eastern African country currently has an estimated 5,000 EVs of multiple types, including two-wheeled, three-wheeled, passenger and commercial vehicles.
Wang Aiping, chief executive officer of Moja EV Kenya, the distributor of Neta EVs, highlighted the urgent need for cleaner transportation options. Wang noted that the introduction of Neta V electric cars will help mitigate the country’s environmental challenge by significantly reducing harmful emissions and accelerating the transition to EVs.
According to Moja EV Kenya, a new entrant in the market, the company aims to reduce carbon emissions and promote sustainable transport with its Neta V model, which targets taxi drivers and can travel up to 380 km on a full charge.
Xinhua News Agency correspondents reporting from Nairobi. (XHTV)