Connect with us

Europe

ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်ကိုယ်စားလှယ် ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အနောက်တန်း၊ အလယ်) အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်-ရုရှား ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ရေးဆိုင်ရာ သဘောတူညီချက်များအပါအဝင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၂၄ ရက် ကုလသမဂ္ဂ ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အချင်းဖြစ်ပွားသူနှင့် အကျိုးစီးပွားသက်ဆိုင်သူများ အားလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်တွင် ပါဝင်လာရန်၊ အပြန်အလှန် စိုးရိမ်မှုများကို စောင့်ရှောက်နိုင်သည့်၊ တရားမျှတ၍ ရေရှည်ဖြစ်သည့် ဖြေရှင်းမှု အစီအစဉ် နည်းလမ်းများကို ရှာဖွေတွေ့ရှိရန်၊ ထိန်းချုပ်နိုင်စွမ်း၊ အချင်းဖြစ်ပွားသူအားလုံးလက်ခံနိုင်မှု ရှိသည့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က တိကျရှင်းလင်းပြီး တစ်သမတ်တည်း ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အကျပ်အတည်း ဘက်စုံ အရှိန်မြှင့်တက်သည့် ကနဦးကာလမှစ၍ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားသင့်မှု၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူကို လေးစားလိုက်နာသင့်မှု၊ ဘက်ပေါင်းစုံ၏ လျော်ကန်သော လုံခြုံရေးစိုးရိမ်မှုများကို အလေးထားသင့်မှု၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးကို အားပေးထောက်ခံသင့်မှုအား အဆိုပြုခဲ့ကြောင်း၊ ယင်းမှာ ယူကရိန်းအရေး၌ တရုတ်နိုင်ငံ၏ အခြေခံမူ ဖြစ်ကြောင်း၊ ၃ နှစ်ကြာကာလတွင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ ပြေးလွှားခဲ့သလို တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြောင်း၊ တရုတ်နိုင်ငံက အထူးသံတမန်စေလွှတ်ကာ သံတမန်ရေးလှုပ်ရှားမှုများ တက်ကြွစွာဆောင်ရွက်ခဲ့ရာ ရုရှား၊ ယူကရိန်း၊ အမေရိကန်၊ ဥရောပ စသည့် သက်ဆိုင်ရာ ဘက်ပေါင်းစုံနှင့် ထိတွေ့ဆွေးနွေးမှုများထားရှိကာ “စစ်ပွဲပြင်ပသို့ မယိုလျှံရေး၊ စစ်မက်အရှိန်အဟုန် မြင့်တက်မလာရေး၊ ဘက်ပေါင်းစုံ မီးလောင်ရာလေပင့် မပြုရေး” အခြေခံမူ ၃ ရပ်ကို အခိုင်အမာ တိုက်တွန်းခဲ့ကြောင်း၊ ဘရာဇီး စသည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ် ဖွဲ့စည်းပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ အစုအဝေး၏ ဉာဏ်ပညာကို စုစည်းခဲ့ရာ ငြိမ်းချမ်းရေးကို ထောက်ပံ့တွန်းအားပေးသည့် အရေးကြီးအင်အား ဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ယူကရိန်းအရေး ဆွေးနွေးမှုဖြင့် ဖြေရှင်းရေး တိုက်တွန်းသံများ အရှိန်အဟုန်မပြတ် မြင့်တက်လျက်ရှိသလို ငြိမ်းချမ်းရေးပြတင်းပေါက် ဖွင့်လှစ်လျက်ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အမေရိကန်-ရုရှား ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ရေးဆိုင်ရာ သဘောတူညီချက်များအပါအဝင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ အချင်းဖြစ်ပွားသူနှင့် အကျိုးစီးပွားသက်ဆိုင်သူများအားလုံး ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်လာပြီး အပြန်အလှန် စိုးရိမ်မှုများကို စောင့်ရှောက်မှု၊ တရားမျှတမှုနှင့် ရေရှည်ဖြစ်သည့် ဖြေရှင်းရေး အစီအစဉ် နည်းလမ်းကို ရှာဖွေတွေ့ရှိကာ ချုပ်ထိန်းနိုင်စွမ်းရှိသော၊ သက်ဆိုင်သူအားလုံးက လက်ခံနိုင်သော ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ ဥရောပအနေဖြင့် ငြိမ်းချမ်းရေး အခန်းကဏ္ဍမှ ပါဝင်ကာ အကျပ်အတည်း၏ ပြဿနာအရင်းအမြစ်ကို အတူတကွ ဖြေရှင်းပြီး ဥရောပတိုက်ကုန်းမြေ ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်စေလိုကြောင်း၊ ဤကဲ့သို့ အချက်အချာကျသည့် အချိန်အခါတွင် မိမိတို့အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံရေးဖြင့် အကျပ်အတည်းဖြေရှင်းရေးအတွက် အကျိုးရှိသည့် ပတ်ဝန်းကျင်ကို တွန်းအားပေးရန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်ကို စုစည်း၍ တွန်းအားပေးသည့်အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ပါကြောင်း၊ နိုင်ငံရေးဖြင့် အကျပ်အတည်း ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံက မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

ယင်းနေ့က ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ ယူကရိန်းအရေး အရေးပေါ် အထူးအစည်းအဝေးတွင် စည်းနှောင်မှုမရှိသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ရာ ယူကရိန်း၌ ရုရှား၏ “ရန်လိုသည့် လှုပ်ရှားမှုများ” ကို အဆုံးသတ်ရန် တိုက်တွန်းထားပြီး ယခုနှစ်အတွင်း စစ်ပွဲအဆုံးသတ်ရန် မဖြစ်မနေလိုအပ်ကြောင်း ထပ်မံအလေးထား ဖော်ပြခဲ့သည်။ ယူကရိန်းစသည့် နိုင်ငံအများအပြား တင်သွင်းသော ယင်းဆုံးဖြတ်ချက် မူကြမ်းသည် ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၁၈ မဲ၊ ကြားနေမဲ ၆၅ မဲ ရလဒ်ဖြင့် အတည်ပြုခဲ့သည်။ အမေရိကန်၊ ရုရှား၊ ဘီလာရုဇ်၊ အစ္စရေးနှင့် ဟန်ဂေရီ စသည့် နိုင်ငံများက ဆန့်ကျင်မဲ ပေးကြပြီး တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်း ၆၅ နိုင်ငံက ကြားနေမဲပေးခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
中国代表:中方支持一切致力于乌克兰和平的努力
新华社联合国2月24日电(记者施春)中国常驻联合国代表傅聪24日在联合国大会乌克兰问题紧急特别会议上表示,中方支持一切致力于和平的努力,包括美俄达成的关于启动和谈的共识。期待各当事方和利益攸关方都能参与到和谈进程中来,找到照顾彼此关切、公正、持久的解决方案,达成有约束力、所有当事方都接受的和平协议。
傅聪表示,中方在乌克兰问题上的立场清晰明确,一以贯之。自2022年2月危机全面升级伊始,中国国家主席习近平就提出各国主权和领土完整应得到尊重,联合国宪章宗旨和原则应得到遵守,各方合理安全关切应得到重视,一切致力于和平的努力应得到支持,这是中方在乌克兰问题上的根本遵循。三年来,中方一直在为和平奔走,为促谈努力。中方派特使积极开展穿梭外交,同俄罗斯、乌克兰、美国、欧洲等有关各方保持接触,呼吁坚持“战场不外溢、战事不升级、各方不拱火”三原则,并同巴西等全球南方国家发起成立“和平之友”小组,汇聚全球南方国家集体智慧,形成支持和推动和平的重要力量。
傅聪说,当前,谈判解决乌克兰问题的呼声不断上升,和平窗口正在开启。中方支持一切致力于和平的努力,包括美俄达成的关于启动和谈的共识。中方期待各当事方和利益攸关方都能参与到和谈进程中来,找到照顾彼此关切、公正、持久的解决方案,达成有约束力、所有当事方都接受的和平协议。希望欧洲为和平发挥作用,共同解决危机的根源性问题,实现欧洲大陆的长治久安。在这一关键时间节点,我们期待国际社会为推动危机政治解决创造有利氛围,期待联大为凝聚会员国和平共识发挥推动作用。中方将继续为危机政治解决作出不懈努力。
当天的联大乌克兰问题紧急特别会议首先通过一项不具约束力的决议,呼吁俄罗斯结束在乌克兰的“敌对行动”,重申迫切需要在今年结束战争。这份由乌克兰等多国提交的决议草案以93票赞成、18票反对、65票弃权的结果获得通过。美国、俄罗斯、白俄罗斯、以色列和匈牙利等国投了反对票,中国、印度、巴基斯坦和南非等65个国家投了弃权票。
1. 2月3日,在位于纽约的联合国总部,中国常驻联合国代表傅聪(后中)在记者会上发言。