Connect with us

Science & Technology

လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘော တူစာချုပ် လက်မှတ်ရေးထိုး

လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘော တူစာချုပ် လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း နှင့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက် တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘော တူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်း အနားကို ယမန်နေ့ ညနေ ၆ နာရီခွဲ တွင် နေပြည်တော် Horizontal Lake View Resort Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သောက်ရေခပ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အနီး သောက်ရေခပ်ချောင်း ပေါ်တွင် တည်ရှိပြီး Build, Operate and Transfer (B.O.T) စနစ်ကို အခြေခံ၍ ပထမဆုံးအကောင်အထည် ဖော် တည်ဆောက်ခဲ့သည့် စီမံကိန်း ဖြစ်ကြောင်း၊ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ လမှ စတင်၍ ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ယခင်က သောက်ရေခပ်(၂) စက်ရုံမှ ထွက်ရှိ သည့် လျှပ်စစ်ဓာတ်အားများကို ဝန်ကြီး ဌာနနှင့် ရွှေစွမ်းအင်ကုမ္ပဏီတို့ နှစ်စဉ် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘော တူစာချုပ်(PPA)ချုပ်ဆို ဝယ်ယူခဲ့ ကြောင်း၊ ယခု ဆဋ္ဌမအကြိမ်ချုပ်ဆိုမည့် PPA စာချုပ်သက်တမ်းမှာ ငါးနှစ် ခွင့်ပြု ချက်ရရှိခဲ့ပြီးဖြစ်သည့်အတွက် ဝန်ကြီး ဌာန၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးလုပ်ငန်းနှင့် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း၊ သောက်ရေခပ် (၂) ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင် စွမ်းအားမှာ ၁၂ဝ မဂ္ဂါဝပ်ဖြစ်ပြီး ဒီဇိုင်းအရ ထုတ်လုပ်နိုင်မှုမှာ နှစ်စဉ် ယူနစ်သန်းပေါင်း ၆ဝ၄ ဖြစ်ကြောင်း၊ စက်စတင်လည်ပတ်သည့် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ ယူနစ်သန်းပေါင်း ၄ဝဝ ဝန်းကျင်ခန့် ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန် လျှပ်စစ်စီမံကိန်းများကို ဝန်ကြီးဌာန၏ ဘဏ္ဍာငွေနှင့် နည်း ပညာတို့ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခြင်း၊ ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ရင်းနှီး မြှုပ်နှံမှုဖြင့် တည်ဆောက်ခြင်း၊ ရင်းနှီး မြှုပ်နှံမှုကြီးမားသော အချို့စီမံကိန်း ကြီးများအား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ၊ ပြည်တွင်း တိုင်းရင်းသားလုပ်ငန်း ရှင်များနှင့် ဝန်ကြီးဌာနတို့ပူးပေါင်း၍ JV/B.O.T စနစ်ဖြင့် အကောင် အထည်ဖော်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ Grid System များ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ် တွင် ရေရှည်သုံးစွဲနိုင်စေရန်နှင့် လူမှု ပတ်ဝန်းကျင်အား ထိခိုက်မှု အနည်း ဆုံးဖြစ်စေရန် သင့်လျော်သောဈေးနှုန်း ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ရည်မှန်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား သည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်း အနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒေါက်တာ သန်းမြင့်၊ ဦးဟန်ဇော်၊ ပြည်သူ့လွှတ်တော် လျှပ်စစ် နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အတွင်းရေးမှူး ဦးအောင်ဇော်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.