Connect with us

Science & Technology

နေပြည်တော်လေဆိပ်၌ ဘန်ကောက်လေကြောင်းလိုင်းမှ လေယာဉ် ၁ စီး စက်ချို့ယွင်း၍ ညအိပ်ရပ်နား မှုဖြစ်ပွား

နေပြည်တော်လေဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

နေပြည်တော်လေဆိပ်၌ ဘန်ကောက်လေကြောင်းလိုင်းမှ ART-72 လေယာဉ် တစ်စီး မတ်လ ၂၇ ရက် ညက ဆိုက်ရောက်အပြီး တွင် စက်ချို့ယွင်း၍ ညအိပ်ရပ်နား မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလေယာဉ်အားပြင်ဆင်ရန် ၂၀၁၈ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ၁၂း၁၅ နာရီ အချိန် တွင် ထိုင်းနိုင်ငံသား အင်ဂျင်နီယာ Mr.Wattanachai Panlaising ပါ၂ ဦး နေပြည်တော်လေဆိပ်သို့ FMI လေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်မှ ရောက်ရှိ လာပြီး ၁၂း၅၀နာရီ အချိန်မှ ၁၄၁၀ အချိန်ထိ ART-72 လေယာဉ်၏ စက်ချို့ယွင်းသွားသည့် ယာဘက်ခြမ်း နံပါတ်(၂)အင်ဂျင်အား ပြုပြင်ခဲ့ကာ ၁ရး၂၅ နာရီ အချိန်တွင် လေယာဉ်မှူး Mr.Thanapong Kongsrima ပါ လေယာဉ် အမှုထမ်း ၄ ဦးနှင့် ထိုင်းနိုင်ငံသား အင်ဂျင်နီယာ Mr.Wattanachai Panlaisingပါ၂ ဦးတို့သည် အဆိုပါလေယာဉ်ဖြင့် ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117