Connect with us

Asia

မလေးရှား-တရုတ် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုက အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးဟု မလေးရှား ဒုတိယဝန်ကြီး ပြော

မလေးရှားနိုင်ငံ ပါဟန်ပြည်နယ်ရှိ မလေးရှား-တရုတ် ကွမ်တန်စက်မှုဇုန် (MCKIP) အား ၂၀၂၄ ခုနှစ် ဇွန် ၁၃ ရက်က ဝေဟင်မှရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံကြား စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ ပေးစွမ်းလျက်ရှိပြီး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလျက်ရှိသော တရုတ်နိုင်ငံ၏ ဈေးကွက်မှာလည်း မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်ရေးလုပ်ငန်း အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း မလေးရှား အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့် ကူးလူးဆက်ဆံမှုများ မကြာခဏ လုပ်ဆောင်ခြင်းကို ထိန်းသိမ်းထားပြီး ပိုမိုခိုင်မာအားကောင်းသော ကုန်သွယ်မှုများကို အားပေးမြှင့်တင်ခဲ့ရာ ကဏ္ဍအများအပြား၌ တိုးတက်ဖြစ်ထွန်းမှုအသစ်များ စဉ်ဆက်မပြတ် ဖြစ်ပေါ်စေခဲ့ကြောင်း မကြာမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ မလေးရှားနိုင်ငံ စိုက်ခင်းနှင့် လူသုံးကုန်ပစ္စည်းဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Chan Foong Hin က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတစ်လွှား ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလာခဲ့သည့် Chan က တရုတ်နိုင်ငံရှိ မြို့ကြီးများ၏ မဖော်ထုတ်ရသေးသော ကြီးမားသည့် အလားအလာများကို မြင်တွေ့ခဲ့ရသည်။ “တရုတ်နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေဟာ ကြီးမားတဲ့ ဈေးကွက်အလားအလာတွေ ရှိနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
“အခုနှစ် နှောင်းပိုင်းမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ချိန်တူးနှင့် ချုံချင့်မြို့တွေဆီ အလည်အပတ်သွားရောက်ဖို့ စီစဉ်ထားပြီး ဒေသတွင်းလုပ်ငန်းတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် တန်ဖိုးမြင့် ဆီအုန်းထွက်ကုန်တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လေ့လာသွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ စံချိန်တင်မြင့်တက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၂၁၂ ဘီလီယံအထိ ရှိခဲ့ပြီး တရုတ်နိုင်ငံမှာလည်း မလေးရှားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၁၆ နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်ကျိုးမြို့ရှိ တရုတ်-မလေးရှား ချင်ကျိုးစက်မှုဇုန်မှ China-Malaysia Jinguyan ဇီဝနည်းပညာကုမ္ပဏီ၏ စက်ရုံတစ်ရုံတွင် ဝန်ထမ်းတစ်ဦး အလုပ်လုပ်နေပုံကို ၂၀၂၄ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(English Version)
Malaysia-China industrial cooperation to bring new opportunities: deputy minister
KUALA LUMPUR, April 22 (Xinhua) — Industrial cooperation between Malaysia and China has offered new opportunities for common development, and China’s thriving market plays a crucial role in the future development of Malaysia’s palm oil industry, a Malaysian government official has said.
In a recent interview with Xinhua, Malaysia’s Deputy Minister of Plantation and Commodities Chan Foong Hin said the two countries have maintained frequent high-level exchanges, promoting more robust trade activities and leading to a series of new achievements in multiple sectors.
Chan, who has traveled extensively across China, sees considerable untapped potential beyond the country’s major megacities. “We believe the central and western regions of China hold enormous market possibilities,” he said.
“Later this year, I plan to visit Chengdu and Chongqing (in southwestern China) to explore collaborations for high-value palm oil goods that cater to local industries,” Chan added. Statistics show that bilateral trade volume in 2024 reached a historic high of 212 billion U.S. dollars, and China has been Malaysia’s largest trading partner for 16 consecutive years. xhtxs.cn/20L
English Caption 1
An aerial drone photo taken on June 13, 2024 shows the Malaysia-China Kuantan Industrial Park (MCKIP) in Pahang state of Malaysia. (Xinhua/Cheng Yiheng)
English Caption 2
An employee works at a factory of the China-Malaysia Jinguyan Biotechnology Co., Ltd at the China-Malaysia Qinzhou Industrial Park in Qinzhou, south China’s Guangxi Zhuang Autonomous Region, June 13, 2024. (Xinhua/Jin Haoyuan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.