Connect with us

Media

ရှီ၏ ကမ္ဘောဒီးယား ခရီးစဉ်က အကျိုးဖြစ်ထွန်းတဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေဟု ကျွမ်းကျင်ပညာရှင် ပြော

ဖနွမ်းပင်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မကြာသေးမီက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်မှာ အကျိုးဖြစ်ထွန်းသော ရလဒ်များကို ဖြစ်ပေါ်စေခဲ့ကာ နှစ်နိုင်ငံကြား အပြန်အလှန်အကျိုးရှိသော ကာလရှည် ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာမြောက် အနာဂတ်စီမံချက်ကို ရေးဆွဲပေးလျက်ရှိသည်ဟု ကမ္ဘောဒီးယား ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ရှီ၏ ကမ္ဘောဒီးယားသို့ နိုင်ငံတော်ခရီးစဉ်မှာ ကြီးမားကျယ်ပြန့်သော အကျိုးရလဒ်များကို ရရှိစေကာ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံကြား သံမဏိကဲ့သို့ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုအတွက် ကဏ္ဍသစ်ဖွင့်လှစ်မှုပင်ဖြစ်ကြောင်း ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီလက်အောက်ရှိ တတ်သိပညာရှင်အဖွဲ့ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံတကာဆက်ဆံရေး အင်စတီကျု၏ ညွှန်ကြားရေးမှူးချုပ် ကင်ဖီက မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

ထိုခရီးစဉ်၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး အထင်ကရအခိုက်အတန့်မှာ နှစ်နိုင်ငံဆက်ဆံရေးအား ခေတ်သစ်ကာလ၌ တရုတ်-ကမ္ဘောဒီးယား အချိန်အခါမရွေး အေးအတူပူအမျှ အသိုက်အဝန်းအဖြစ်သို့ အဆင့်မြှင့်တင်သည့် ရှီနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်တို့၏ ပူးတွဲကြေညာချက် ထုတ်ပြန်မှုပင်ဖြစ်သည်။
“အဲဒီခရီးစဉ်ရဲ့ ရလဒ်တွေက မဟာဗျူဟာကျတဲ့ နိုင်ငံရေးယုံကြည်ချက်ကို ပိုမိုခိုင်မာစေရုံသာမက ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် လက်တွေ့ကျပြီး အမြော်အမြင်ရှိတဲ့ လမ်းပြမြေပုံကိုလည်း ချမှတ်ပေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရလဒ်များက “စိန်ဆဋ္ဌဂံ” ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကို စဉ်ဆက်မပြတ် မြှင့်တင်ပေးကာ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပဥ္စဂံ မဟာဗျူဟာကြား ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များကို ရှေ့ဆက်ဖော်ဆောင်ရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
ဤအကျိုးရလဒ်များက တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အထင်ကရ အဆိုပြုချက် သုံးရပ်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI) နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်တို့ကို အကောင်အထည်ဖော်ရေးအတွက် ခိုင်မာသော အစီအမံများကို ပေးစွမ်းလျက်ရှိသည်ဟု ဖီက ဆိုသည်။
“အဲဒီအကျိုးရလဒ်တွေဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ဝင်ငွေအလယ်အလတ် အမြင့်ပိုင်းနိုင်ငံဖြစ်လာရေး၊ ၂၀၅၀ ပြည့်နှစ်အရောက်မှာ ဝင်ငွေမြင့်နိုင်ငံဖြစ်လာရေးဆိုတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရည်မှန်းချက်ကြီးတဲ့ အနာဂတ် မျှော်မှန်းချက်တွေကိုလည်း အခိုင်အမာပံ့ပိုးပေးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ရှီ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/26P
………………
(English Version)
Xi’s visit draws strategic blueprint for long-term, multifaceted win-win cooperation with Cambodia — expert
PHNOM PENH, April 24 (Xinhua) — Chinese President Xi Jinping’s recent state visit to Cambodia has produced fruitful outcomes, drawing a strategic blueprint for long-term, multifaceted win-win cooperation between the two countries, a Cambodian expert has said.
Kin Phea, director general of the International Relations Institute of Cambodia, a think tank under the Royal Academy of Cambodia, told Xinhua in a recent interview that Xi’s state visit to Cambodia yielded substantial and far-reaching outcomes, ushering in a new chapter in the iron-clad friendship between Cambodia and China.
A landmark highlight of the visit was a joint statement by Cambodian Prime Minister Hun Manet and Xi to upgrade bilateral ties to an all-weather China-Cambodia community with a shared future in the new era.
“The outcomes of the visit have not only reinforced strategic political trust, but also mapped out a practical and forward-looking roadmap for comprehensive bilateral cooperation,” he said.
The outcomes also aimed to continuously enrich the “Diamond Hexagon” cooperation framework and forge greater synergy between the Belt and Road Initiative and Cambodia’s Pentagonal Strategy.
Phea said the outcomes have offered concrete steps to implement China’s three major global initiatives: the Global Development Initiative (GDI), the Global Security Initiative (GSI) and the Global Civilization Initiative.
“These outcomes have also given strong support to Cambodia’s ambitious goals of becoming an upper-middle-income status by 2030 and high-income status by 2050,” he said. Xi’s visit resulted in the signing of a number of bilateral cooperation documents. xhtxs.cn/26P
English Caption
Chinese President Xi Jinping arrives in Phnom Penh for a state visit to Cambodia at the invitation of Cambodian King Norodom Sihamoni on April 17, 2025. (Xinhua/Yao Qilin)