Asia
မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်ရေး၊ တံခါးဖွင့် ကုန်သွယ်ရေးအတွက် ရှန်ဂရီလာ ဆွေးနွေးပွဲ၌ မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

စင်ကာပူ၊ ဇွန် ၃ ရက် (ဆင်ဟွာ)
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် တံခါးဖွင့်၍ မျှတသော ကုန်သွယ်မှုကို အားပေးမြှင့်တင်ရန် စိတ်ပိုင်းဖြတ်ထားသလို ကမ္ဘာ့စီးပွားရေးစနစ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ခြင်းနှင့် ဆက်စပ်နေသည့် အန္တရာယ် ရှိနိုင်သည်ကိုလည်း လက်ခံရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မေ ၃၁ ရက်၌ ပြောကြားခဲ့သည်။
အာရှဒေသ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ထိပ်သီးအစည်းအဝေးဖြစ်သည့် ၂၂ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ၌ အရေးကြီးမိန့်ခွန်း ပြောကြားရာတွင် အန်ဝါက အာဆီယံ၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းခြင်းမှာ အခြားသူများကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ မိမိကိုယ်ကိုယ် အင်အားတောင့်တင်းအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကွာလာလမ်ပူမြို့တွင် ယခုသီတင်းပတ် အစောပိုင်းက ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ မရေရာမှုများနှင့် ပတ်သက်၍ အာဆီယံ ခေါင်းဆောင်များ၏ ထုတ်ပြန်ကြေညာချက်ကို ထိုစိတ်ဓာတ်ကပင် ပုံဖော်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တစ်ဖက်သတ်လုပ်ရပ်များ၊ အပြန်အလှန်လက်တုံ့ပြန်သည့် စည်းကြပ်ခွန်များ၊ ကမ္ဘာ့စီးပွားရေးစနစ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်နိုင်သည့် အန္တရာယ် ကြီးထွားလာမှုတို့အပေါ် မိမိတို့အနေဖြင့် သတိပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“အာဆီယံအနေနဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ စည်းမျဉ်းအခြေပြု တံခါးဖွင့် ကုန်သွယ်ရေးစနစ် ဖော်ဆောင်ဖို့ စိတ်ပိုင်းဖြတ်မှုကို အတည်ပြုထားပါတယ်။ တံခါးဖွင့်ထားတဲ့ ဈေးကွက်တွေဟာ ထိပ်တိုက်မတွေ့ဘဲသတိပေးခြင်းကိုသာ တိုက်တွန်းအားပေးတဲ့ နိုင်ငံအချင်းချင်းအပြန်အလှန် ထိတွေ့မှုပုံစံမျိုးကို ဖန်တီးပေးပါတယ်” ဟု အန်ဝါက ဆိုသည်။
မေ ၃၀ ရက်မှ ဇွန် ၁ ရက်အထိ ကျင်းပလျက်ရှိသော ယခုနှစ် ရှန်ဂရီလာဆွေးနွေးပွဲသို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ် ၄၀ ဦး၊ စစ်ဘက်အကြီးအကဲအဆင့် ကိုယ်စားလှယ် ၂၀ ဦး၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူ ၂၀ ကျော်နှင့် အထင်ကရ ပညာရှင်များ အပါအဝင် နိုင်ငံပေါင်း ၄၇ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/327
#Singapore #Malaysia #AnwarIbrahim #စင်ကာပူ #မလေးရှား #အန်ဝါအီဘရာဟင်
……………………………………………………………………………………….
(English Version)
Malaysian PM calls for strategic connectivity, open trade during Shangri-La Dialogue
SINGAPORE, June 1 (Xinhua) — Malaysian Prime Minister Anwar Ibrahim said here on Saturday that the Association of Southeast Asian Nations (ASEAN) is dedicated to promoting open and fair trade, while recognizing the potential risks associated with global fragmentation.
In a special address during the 22nd edition of the Shangri-La Dialogue, Asia’s premier defense and security summit, Anwar said that preserving ASEAN’s autonomy is “not about resisting others,” but “about strengthening ourselves.”
That same spirit shaped the ASEAN leaders’ statement on global economic and trade uncertainty during their summit earlier this week in Kuala Lumpur, he said, adding that “we warned of the dangers of unilateral actions, retaliatory tariffs and the growing risk of global fragmentation.”
“We affirmed ASEAN’s commitment to an open, predictable and rules-based trading system,” said the prime minister, adding, “open markets create the kind of mutual exposure between nations that encourages caution, not confrontation.”
This year’s Shangri-La Dialogue, which runs from Friday through Sunday, drew representatives from 47 countries, including 40 ministerial-level delegates, 20 chief of defense forces-level delegates, over 20 senior defense officials, and prominent academics, according to the Singapore Ministry of Defense. xhtxs.cn/327
English Caption
People in uniforms perform security duties outside the Shangri-La Hotel, the venue for the 22nd Shangri-La Dialogue, in Singapore, May 30, 2025. (Photo by Then Chih Wey/Xinhua)