Asia
ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ပေထုံတန်၏ ဝန်ကြီးချုပ်ရာထူးအား ယာယီဆိုင်းငံ့ရန် ဆုံးဖြတ်

ဘန်ကောက်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေထုံတန်သည် အခြေခံဥပဒေ ချိုးဖောက်ရာကျသည့် လုပ်ဆောင်ချက် ရှိ၊ မရှိအား စုံစမ်းစစ်ဆေးရန် လျှောက်ထားလွှာအား လက်ခံစီရင်မည်ဖြစ်ပြီး ဇူလိုင် ၁ ရက်မှ စ၍ ပေထုံတန်အား ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခြင်းမှ ယာယီဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်ကြောင်း ထိုနေ့တွင် ကြေညာခဲ့သည်။
အခြေခံဥပဒေခုံရုံး၏ တရားသူကြီး ၉ ဦးတို့သည် မဲခွဲမှုရလဒ် ၉ မဲ ၊ မဲမရှိဖြင့် လျှောက်ထားလွှာအား လက်ခံခဲ့ပြီး ၇ မဲ၊ ၂ မဲ မဲခွဲမှုရလဒ်ဖြင့် ခုံးရုံးကဆုံးဖြတ်ချက်ချပြီးသည်အထိ ပေထုံတန်အား ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခြင်းမှ ယာယီဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်ကြောင်း အခြေခံဥပဒေခုံရုံး၏ ကြေညာချက်အရ သိရသည်။
ပေထုံတန်အား ဝန်ကြီးချုပ်ရာထူးထမ်းဆောင်ခြင်းမှ ယာယီဆိုင်းငံ့မည်လောနှင့် စပ်လျဉ်း၍ အခြေခံဥပဒေခုံရုံးက လက်ရှိတွင် ဝန်ကြီးချုပ် ပေထုံတန်သည် အခြေခံဥပဒေ ချိုးဖောက်နိုင်ကြောင်း သံသယရှိရန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ရှိခြင်းကြောင့် အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ချက်ချမှတ်ပြီး သက်ဆိုင်ရာဘက်အသီးသီးအား အသိပေးပြီးသည်အထိ ပေထုံတန် တာဝန်ထမ်းဆောင်ခြင်းအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှ စ၍ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ယူဆသည်။
အဆိုပါကြေညာချက်အရ အခြေခံဥပဒေခုံရုံးက လက်ခံစီရင်ပြီးနောက် ပေထုံတန်သည် လျှောက်ထားလွှာ မိတ္တူအား လက်ခံရရှိသည့်နေ့မှစ၍ ၁၅ ရက်အတွင်း စာအားဖြင့် ထုချေလွှာ တင်ပြရမည်ဖြစ်သည်။
ပေထုံတန်ကို ရာထူးမှဆိုင်းငံ့ပြီးနောက် လက်ရှိဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးဝန်ကြီး Suriya Juangroongruangkit က ဝန်ကြီးချုပ်ရာထူးအား ယာယီထမ်းဆောင်သွားမည်ဟု ထိုင်းမီဒီယာ အများအပြားက သတင်းဖော်ပြကြသည်။
ထိုနေ့အစောပိုင်းတွင် ထိုင်းနိုင်ငံအစိုးရ Gazette ဝက်ဘ်ဆိုက်၌ ပေထုံတန် အစိုးရအဖွဲ့အား ပြန်လည်ဖွဲ့စည်းသည့် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့ဝင်ရာထူးပေါင်း ၁၀ ဦးကျော်ပါဝင်ကာ ၎င်းအနက် ပေထုံတန်က ယဉ်ကျေးမှုဝန်ကြီးအဖြစ်ပါ တွဲဖက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————-
(Chinese Version)
泰国宪法法院决定暂停佩通坦总理职权
新华社曼谷7月1日电(记者陈倩慈 林昊)泰国宪法法院7月1日宣布,受理有关调查总理佩通坦是否存在违宪行为的请愿书,并决定即日起暂停佩通坦行使总理职权。
根据宪法法院的声明,宪法法院的9名法官以9比0的投票结果接受了请愿书,并以7比2的投票结果决定佩通坦暂停行使总理职权,直到作出裁决。
围绕是否暂停佩通坦行使总理职权一项,宪法法院认为,目前有合理理由怀疑佩通坦可能违反宪法,故令佩通坦自2025年7月1日起暂停履职,直至宪法法院作出裁决并通知相关各方。
根据声明,宪法法院受理后,佩通坦须在收到请愿书副本之日起15日内提交书面答辩。 据多家泰国媒体报道,佩通坦停职后,现任副总理兼交通部长素里亚·庄龙琅集将暂时代行总理职权。
当天早些时候,泰国政府宪报网站发布佩通坦改组内阁的公报,涉及超过10个内阁职位,其中佩通坦将兼任文化部长。(完)
图说:6月23日,泰国总理佩通坦(前排右二)在位于曼谷的总理府出席新闻发布会。新华社发(拉亨摄)