Connect with us

China

ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျန့်ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလတွင် ကျင်းပမည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် (WIC) Wuzhen Summit ဖွင့်ပွဲကျင်းပမှုကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျန့်ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၌ နိုဝင်ဘာ ၆ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး Cyberspace နယ်ပယ်တွင် အေးအတူပူ အမျှအနာဂတ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် အာရုံစိုက်ထားကြောင်း ပွဲစီစဉ်သူများ၏ ပြောကြားမှုအရ သိရသည်။

အဆိုပါကွန်ဖရင့်ကို ကမ္ဘာ့အင်တာနက်အသိုက်အဝန်းအယူအဆအဆိုပြုသည့် ၁၀ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားအဖြစ်ကျင်းပမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နောက်ဆုံးပေါ်နည်းပညာလုပ်ငန်းများ၏ ခေါင်းဆောင်များက AI ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်နှင့် အဓိကနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၏အရေးပါမှုကို ဗဟိုပြုသည့် ဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ကွန်ဖရင့်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံများ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒေတာပိုင်း ဆိုင်ရာ စီမံခန့်ခွဲမှု အစရှိသည့် ခေါင်းစဉ်များပါဝင်သော ဖိုရမ် ၂၄ ကိုလည်း တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
World Internet Conference Wuzhen Summit set for November
BEIJING, Oct. 17 (Xinhua) — The 2025 World Internet Conference Wuzhen Summit will take place in East China’s Zhejiang Province from Nov. 6 to 9, with a focus on building a community with a shared future in cyberspace, according to its organizers.
To mark the 10th anniversary of the concept of this community, the event will include a symposium on the topic. Additionally, leaders of cutting-edge technology enterprises will hold dialogues centered on frontier AI development and key technological innovation highlights.
The summit will also feature 24 parallel forums, covering topics such as the Global Development Initiative, the digital economy and data governance. ■
Photo
The 2024 World Internet Conference (WIC) Wuzhen Summit opens in Wuzhen, east China’s Zhejiang Province, Nov. 20, 2024. (Xinhua/Li He)