China
ရှီက ဂျီဘူတီနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော Guelleh ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျီဘူတီနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော Ismail Omar Guelleh ထံ ဂုဏ်ပြုသဝဏ်လွှာကို ဧပြီ ၁၇ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဂျီဘူတီနိုင်ငံတို့သည် နက်ရှိုင်းသော အစဉ်အလာချစ်ကြည်ရင်းနှီးမှုရှိကြကြောင်း၊ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံအနေဖြင့် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု စဉ်ဆက်မပြတ် ခိုင်မာအားကောင်းလျက်ရှိသလို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွင်လည်း အသီးအပွင့်ရလဒ်များ ရရှိခဲ့ကြောင်း ရှီက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နယ်ပယ်စုံ၌ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာ၌ Guelleh ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် တန်ဖိုးထားကြောင်းလည်း ရှီက ပြောခဲ့သည်။
ထို့နောက် သမ္မတ ရှီက တရုတ်-ဂျီဘူတီ ဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားကြောင်း၊ ၎င်းအနေဖြင့် Guelleh နှင့်အတူ ကိုယ်စီ ပင်မအကျိုးစီးပွားများနှင့် အဓိက ဂရုပြုကိစ္စရပ်များ၌ အချင်းချင်း အခိုင်အမာ ဆက်လက်ထောက်ခံရေး၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေး ရလဒ်များကို အကောင်အထည်ဖော်ရေး၊ တရုတ်-ဂျီဘူတီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် စဉ်ဆက်မပြတ် တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံပြည်သူများအား ပိုမို ကောင်းမွန်စွာအကျိုးပြုနိုင်ရေးအတွက် လုပ်ဆောင်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………..
(English Version)
Xi congratulates Guelleh on re-election as president of Djibouti
BEIJING, April 17 (Xinhua) — Chinese President Xi Jinping on Friday sent a congratulatory message to Ismail Omar Guelleh on his re-election as president of Djibouti.In his message, Xi noted that China and Djibouti share a deep traditional friendship, and that in recent years, the two countries have strengthened political mutual trust and achieved fruitful results in practical cooperation. He also voiced appreciation for Guelleh’s efforts in promoting bilateral friendship and exchanges and cooperation across various fields.Noting that he attaches great importance to the development of China-Djibouti relations, Xi said that he stands ready to work with Guelleh to continue firmly supporting each other on issues concerning their respective core interests and major concerns, implement the outcomes of the Beijing Summit of the Forum on China-Africa Cooperation, continuously enrich the China-Djibouti comprehensive strategic partnership, and better benefit the two peoples.
Photo: Chinese President Xi Jinping (R) meets with Djiboutian President Ismail Omar Guelleh at the Great Hall of the People in Beijing, capital of China, Sept. 2, 2018. (Xinhua/Wang Ye)
