Connect with us

Africa & Middle East

လက်ဘနွန်နှင့် အစ္စရေး အပစ်ရပ်မှု စတင်အသက်ဝင်ပြီးနောက် လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် အစ္စရေးဒရုန်းတိုက်ိခုက်မှုကြောင့် လူတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေသည့် ကယ်ဆယ်ရေးဝန်ထမ်းများကို ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံတောင်ပိုင်း ခိုနင်မြို့နှင့် ဘေထရွန်မြို့အကြားရှိ ကားလမ်း‌ပေါ်တွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးအား ဧပြီ ၁၇ ရက်တွင် အစ္စရေးက ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အမျိုးသားသတင်းဌာန (NNA) ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။ထို့ပြင် အပစ်ရပ်ပြီးနောက် အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်း အခြားမြို့တစ်မြို့သို့ အမြောက်ကျည်နှစ်စင်းပစ်ခတ်ခဲ့ရာ အပစ်ရပ်ရေး သဘောတူညီချက်ကို တစ်ဆင့်တိုး ချိုးဖောက်ခဲ့သည်ဟု ဒေသတွင်းအခြားမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

မတ် ၂ ရက်မှ ဧပြီ ၁၆ ရက် ည ၁၂ နာရီအထိ လက်ဘနွန်အပေါ် အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူ ၂,၂၉၄ ဦး သေဆုံးကာ ၇,၅၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများ လူ ၁၀၀ ပါဝင်ကာ အခြား အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်း ၂၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၁၇ ရက် အစောပိုင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အပျက်အစီးများ ရှင်းလင်းခြင်း၊ သေဆုံးသူရုပ်အလောင်းများ ရှာဖွေခြင်း၊ DNA စစ်ဆေးအတည်ပြုခြင်းတို့ လုပ်ဆောင်ပြီး၍ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးမှသာ အဆုံးသတ်သေဆုံးသူဦးရေကို ထုတ်ပြန်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ဘနွန်နှင့် အစ္စရေးတို့က ၁၀ ရက်ကြာ အပစ်ရပ်မည်ဟု ကြေညာခဲ့ပြီး အဆိုပါနှစ်နိုင်ငံအကြီးအကဲများကို အိမ်ဖြူတော်သို့ လာရောက်တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်သွားမည်ဟု အမေရိကန်သမ္မတ ထရမ့်က ဧပြီ ၁၆ ရက်တွင် ပြောခဲ့သည်။ ဒေသစံတော်ချိန် ဧပြီ ၁၇ ရက် ညသန်းခေါင် ၁၂ နာရီတွင် လက်ဘနွန်နှင့် အစ္စရေး၏ အပစ်ရပ်မှု စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

 

#Lebanon #Israel #Ceasefire #လက်ဘနွန် #အစ္စရေး #အပစ်ရပ်မှု

————————————————————————————–

(Chinese Version)

黎以停火生效后 黎南部遭以无人机袭击致一死三伤

新华社贝鲁特4月17日电(记者申峰)据黎巴嫩国家通讯社17日报道,一辆汽车和一辆摩托车当天在黎南部库宁镇与拜特亚洪镇之间的公路上遭以色列无人机袭击,造成一人死亡、三人受伤。

另据当地其他媒体报道,停火后,以军向黎南部另一个镇发射两枚炮弹,进一步违反停火协议。

黎巴嫩卫生部17日早些时候发表声明称,自3月2日至4月16日24时,以色列对黎巴嫩发动的袭击已造成2294人死亡、7544人受伤。遇难者包括100名急救人员和医护人员,另有233名急救人员和医护人员受伤。

声明称,最终死亡人数将在废墟清理、遗体搜寻、脱氧核糖核酸(DNA)检测完成并确认遇难者身份后公布。

美国总统特朗普16日宣布黎以将停火10天,并称将邀请两国领导人到白宫会谈。当地时间17日零时,黎以停火生效。

图说:4月8日,救援人员在黎巴嫩首都贝鲁特扑救以色列空袭引发的火灾(手机照片)。新华社发(比拉尔·贾维希摄)