Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် ယာဉ်နှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၉ ဦး သေဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

မွန်ပြည်နယ်တွင် သထုံမြို့နယ် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

နေပြည်တော်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မွန်ပြည်နယ် သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၄/၅) တွင် ခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်ကားတို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သထုံမြို့နယ် မီးသတ်ဦးစီးဌာနထံမှ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ယနေ့ (ဧပြီ ၁၈ ရက်) ညနေ ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး လိုက်ထရပ်ကားပေါ် လိုက်ပါလာသည့် ရဟန်းတော် ၅ ပါး၊ ကိုရင် ၁ ပါးနှင့် အမျိုးသား ၃ ဦးတို့ သေဆုံးခဲ့ပြီး အဆိုပါယာဉ်ပေါ်တွင်ပင် ပါရှိသည့် အခြားရဟန်းတော် ၇ ပါးနှင့် ခရီးသည် ၃ ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းယာဉ်တိုက်မှုအား ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)