WORLD
တူရကီနိုင်ငံတွင် COVID-19 ကန့်သတ်ချက်များကို မတ်လမှစ၍ ဖြည်းဖြည်းချင်း ဖြေလျှော့ပေးမည်
အန်ကာရာ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံတွင် မတ်လမှစတင်ကာ ပြည်နယ်ဆိုင်ရာအဆင့်များတွင် COVID-19 တိုက်ဖျက်ရေး ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်း ဖြေလျှော့သွားမည်ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ မတ်လဆန်းလောက်မှာ ပြည်နယ်တွေကို အုပ်စုလေးခုဖွဲ့ပြီး ပုံမှန်လုပ်ငန်းစဉ်တွေ စတင်သွားနိုင်တော့မှာဖြစ်ပါတယ်” ဟု အစိုးရအဖွဲ့အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ အာဒိုဂန်က ပြောခဲ့သည်။
တူရကီနိုင်ငံ အန်ကာရာမြို့ရှိ COVID-19 စစ်ဆေးမှုနေရာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသမီးတစ်ဦးထံမှ နှာခေါင်းတို့ဖတ်ရယူနေစဉ် (ဆင်ဟွာ)
အစိုးရအနေဖြင့် ရောဂါဖြစ်ပွားမှု၊ ကာကွယ်ဆေးထိုးနှံမှု ပြီးစီးမှုအနေအထား နှင့် ပြည်နယ်များတွင် အခြားဆက်စပ်သော သတ်မှတ်ချက်များအရ ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်းဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
သို့သော် ယင်းပြည်နယ်များတွင် ကန့်သတ်ချက်များ ရှေ့ဆက်ဖြေလျှော့ရေး ဆောင်ရွက်ရန် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအရေအတွက် လျော့ကျသွားဖို့လိုကြောင်း အာဒိုဂန်က မှတ်ချက်ပြုခဲ့သည်။
တူရကီနိုင်ငံတွင် ဖေဖော်ဝါရီ ၁၇ ရက်က COVID-19 ဖြစ်ပွားသူအသစ် ၇၃၂၅ ဦး အပါအဝင် စုစုပေါင်း ၂,၆၀၉,၃၅၉ ဦး ရှိလာပြီဖြစ်သည်။
ဗိုင်းရပ်စ်ကြောင့် သေဆုံးသူများအနေဖြင့်မူ၂၇,၇၃၈ ဦးအထိ ရှိလာခဲ့ပြီး ပြန်လည်ကျန်းမာလာသူဦးရေမှာ စုစုပေါင်း ၂,၄၉၆,၈၃၃ ဦးရှိလာပြီဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။
တူရကီနိုင်ငံရှိ COVID-19 လူနာများတွင် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုနှုန်းမှာ ၃.၆ ရာခိုင်နှုန်းရှိပြီး အပြင်းအထန် နာမကျန်းဖြစ်သူ ၁,၁၉၃ ဦးရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ပြီးခဲ့သည့်ရက်အတွင်း ရောဂါစစ်ဆေးမှု စုစုပေါင်းမှာ ၁၁၇,၁၂၁ ခုရှိပြီး နိုင်ငံတစ်ဝန်း စုစုပေါင်း ရောဂါစစ်ဆေးမှု အရေအတွက်မှာ ၃၁,၈၆၆,၀၈၆ ခု ရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် CoronaVac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၁၄ ရက်တွင် လူထု COVID-19 ကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့ကြောင်း၊ ပြည်သူ ၄,၈၇၃,၀၀၀ ကျော် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————-
(English Version)
Turkey to gradually lift COVID-19 restrictions from March
Source: Xinhua| 2021-02-18 04:20:42|Editor: huaxia
ANKARA, Feb. 17 (Xinhua) — Turkey will gradually lift restrictions against COVID-19 on the provincial levels from March, Turkish President Recep Tayyip Erdogan said Wednesday.
“We will start the normalization process as the beginning of March by dividing our provinces into four groups,” Erdogan said at a press conference after a cabinet meeting.
The government will lift the restrictions gradually according to the number of cases, vaccination and other relevant criteria in the provinces, he added.
But the numbers of daily coronavirus cases should also be declining in order to take a step toward lifting restrictions in these provinces, Erdogan noted.
Turkey on Wednesday reported 7,325 new COVID-19 cases, taking the total number of positive cases in the country to 2,609,359.
The death toll from the virus in Turkey rose by 86 to 27,738, while the total recoveries climbed to 2,496,833 after 7,209 more cases recovered in the last 24 hours, according to Turkish Health Ministry.
The rate of pneumonia in COVID-19 patients in Turkey stands at 3.6 percent and the number of seriously ill patients was 1,193, said the ministry.
A total of 117,121 tests were conducted over the past day, raising the overall number of tests in Turkey to 31,866,086.
Turkey started mass COVID-19 vaccination on Jan. 14 after the authorities approved the emergency use of the Chinese CoronaVac vaccine. More than 4,873,000 people have been vaccinated so far. Enditem
1-A medical worker prepares samples for a COVID-19 test in Ankara, Turkey, on Feb. 17, 2021. Turkey on Wednesday reported 7,325 new COVID-19 cases, including 649 symptomatic patients, taking the total number of positive cases in the country to 2,609,359. Turkey will gradually lift restrictions against COVID-19 on the provincial levels from March, Turkish President Recep Tayyip Erdogan said Wednesday. (Photo by Mustafa Kaya/Xinhua)
2-A medical worker collects a swab from a woman for a COVID-19 test in Ankara, Turkey, on Feb. 17, 2021. Turkey on Wednesday reported 7,325 new COVID-19 cases, including 649 symptomatic patients, taking the total number of positive cases in the country to 2,609,359. Turkey will gradually lift restrictions against COVID-19 on the provincial levels from March, Turkish President Recep Tayyip Erdogan said Wednesday. (Photo by Mustafa Kaya/Xinhua)