WORLD
အင်ဒိုနီးရှားနိုင်ငံ၌ ကျောင်းဆရာဆရာမများအား COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်
ဂျကာတာ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ၌ ကျောင်းဆရာဆရာမများ နှင့် စာသင်ကျောင်းဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။
ဂျာကာတာမြို့တော်၌ ကာကွယ်ဆေးထိုးနှံခြင်း စတင်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် ၃၃ ခုတွင်လည်း ကာကွယ်ဆေးထိုးနှံမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒို၏ ပြောကြားချက်အရ သိရသည်။
ကျောင်းဆရာ နှင့် စာသင်ကျောင်းဝန်ထမ်း ဦးရေ ၅ သန်းကို လာမည့် ဇွန်လတွင် ကာကွယ်ဆေးအပြီးထိုးနှံပေးနိုင်ရန် ရန် ရည်မှန်းထားကြောင်း သိရသည်။
“ဆရာ/ဆရာမတွေကို ကာကွယ်ဆေး ဦးစားပေးထိုးနှံသွားပါမယ်။ဒါကြောင့် လာမည့် စာသင်နှစ်မှာ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်တော့မှာ ဖြစ်ပါတယ်။”ဟု ဝီဒိုဒိုက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်ခဲ့ပြီး လာမည့် ၂၀၂၂ နှစ် နှစ်ကုန်မတိုင်မီ ပြည်သူ ၁၈၁ ဒသမ ၅ သန်းအား ထိုးနှံပေးနိုင်ရန် ရည်မှန်းထားကြောင်း ၊ လူအုပ်စုအကြား ကိုယ်ခံအားစနစ် ရရှိလာစေရန် နှင့် ကပ်ရောဂါ အဆုံးသတ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။
ယခုအထိ အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ကာကွယ်ဆေး ၂၈ သန်းအား ရရှိထားပြီး ယင်းကာကွယ်ဆေးများအားလုံးကို တရုတ်ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinovac Ltd က အသုတ် လေးသုတ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသို့ COVID-19 ကာကွယ်ဆေး ပထမသုတ် အဖြစ် အရေအတွက် ၁ ဒသမ ၂ သန်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်တွင် ရောက်ရှိခဲ့ပြီး ဒုတိယသုတ် ၁ ဒသမ ၈ သန်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ တတိယသုတ် နှင့် စတုတ္တသုတ်တွင် ကာကွယ်ဆေး အမြောက်အမြား ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် တတိယသုတ်အဖြစ် ကာကွယ်ဆေး ၁၅ သန်း နှင့် ဖေဖော်ဝါရီ ၂ ရက်တွင် စတုတ္ထသုတ် အဖြစ် ကာကွယ်ဆေး ၁၀ သန်း ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများအားလုံးသည် အင်ဒိုနီးရှားနိုင်ငံ Banten ပြည်နယ် Tangerangမြို့ရှိ Soekarno-Hatta အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် အသင့် အသုံးပြုနိုင်မည့် ကာကွယ်ဆေး ဖြစ်လာစေရန် အနောက်ဂျဗားပြည်နယ်ရှိ နိုင်ငံပိုင် ဆေးဝါးကုမ္ပဏီ ဖြစ်သည့် PT Biofarma သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။ (Xinhua)
——————————-
(Englsih Version)
Indonesia starts COVID-19 vaccination for teachers
JAKARTA, Feb. 24 (Xinhua) — Indonesia started the COVID-19 vaccination for teachers and school staff on Wednesday, President Joko Widodo said on Wednesday.
According to the head of state, Jakarta has started the vaccination, and 33 other provinces will follow.
The target is that 5 million teachers and school staff members would have been vaccinated by June 2021.
“We prioritize teachers (to be vaccinated), so we can do face-to-face learning in the next semester,” said Widodo.
Indonesia started mass COVID-19 vaccination on Jan. 13, 2021, with a target of 181.5 million people until next year, to create herd immunity and end the pandemic.
So far, 28 million doses of the COVID-19 vaccine have been available in Indonesia, and they were all sent by the Chinese pharmaceutical company Sinovac Ltd. in four stages.
In the first stage, 1.2 million doses of ready-to-use COVID-19 vaccine arrived on Dec. 6, 2020, followed by the second batch of 1.8 million doses on Dec. 31, 2020.
Meanwhile, the vaccine that came in the third and fourth phases were in bulk, consisting of 15 million doses on Jan. 12, 2021, and 10 million doses on Feb. 2, 2021.
Upon arrival at the Soekarno-Hatta International Airport in Tangerang, Banten province, all of the doses of the vaccine in bulk were taken to state pharmaceutical company PT Biofarma in West Java province, to be processed into ready-to-use vaccine. Enditem