Connect with us

WORLD

Sinovac ကာကွယ်ဆေးက COVID-19 နှင့်ဆက်စပ်သော သေဆုံးမှုကို ကာကွယ်ရာတွင် ၈၀ ရာခိုင်နှုန်းထိရောက်မှုရှိ

ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ရှိ ကာကွယ်ဆေးထိုးနှံပေးသောနေရာတွင် COVID-19 ကာကွယ်ဆေးထိုးရန် ပြင်ဆင်နေသည့် သူနာပြုတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီရာဂို၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Sinovac Biotech လီမိတက်မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးသည် ရောဂါကြောင့်သေဆုံးမှုကို ကာကွယ်ရာတွင် ၈၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ချီလီနိုင်ငံ၌ မကြာသေးမီက ပြုလုပ်ထားသည့် ချီလီနိုင်ငံရှိ real-world study လေ့လာမှု၌ ဖော်ပြထားသည်။

Sinovac ကာကွယ်ဆေးသည် ရောဂါလက္ခဏာမပြသော ရောဂါကူးစက်မှု ကာကွယ်ရာတွင် ၆၇ ရာခိုင်နှုန်း၊ ဆေးရုံတက်ရောက်မှုကို ကာကွယ်ရာတွင် ၈၅ ရာခိုင်နှုန်း၊ အထူးကြပ်မတ်ဆောင်သို့ ရောက်ရှိမည့် လူနာများကို ကာကွယ်ရာတွင် ၈၉ ရာခိုင်နှုန်း အသီးသီး ထိရောက်မှုရှိနိုင်ကြောင်း ချီလီနိုင်ငံ အစိုးရမှ ဧပြီ ၁၆ ရက်က ထုတ်ပြန်သည့် လေ့လာမှုအရ သိရသည်။

ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု ပြုလုပ်ရန် Sinovac နှင့် သဘောတူညီချက် ဆောင်ရွက်ခဲ့သော ချီလီနိုင်ငံ ဒုတိယ ကုန်သွယ်ရေးဝန်ကြီး Rodrigo Yanez က ချီလီနိုင်ငံအနေဖြင့် “မှန်ကန်သော လုပ်ရပ်” ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကို အချက်အလက်များက ပြသခဲ့ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။ (Xinhua)
——————————————-
(English Version)

Sinovac vaccine 80 pct effective against COVID-19-related death: Chilean gov’t study
2021-04-20 14:03:54
SANTIAGO, April 20 (Xinhua) — The COVID-19 vaccine developed by China’s Sinovac Biotech Ltd is 80 percent effective against death from the disease, showed a recent real-world study in Chile.
The Sinovac vaccine is also 67 percent effective in preventing symptomatic infection, 85 percent effective in preventing hospitalizations and 89 percent in preventing patients from entering intensive care units, according to the study released by the Chilean government on Friday.
Rodrigo Yanez, Chile’s vice trade minister who forged a deal with Sinovac to host the clinical trial of the vaccine, told media that the data showed Chile had made “the right bet.” Enditem

A nurse prepares a dose of COVID-19 vaccine at a vaccination site in Santiago, Chile, March 25, 2021. (Photo by Jorge Villegas/Xinhua)