Connect with us

Media

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ချင်းဟိုင်သို့ သွားရောက်ကာ ပြည်သူများနှင့်တွေ့ဆုံ

ရှီနင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီမှ အထွေထွေအတွင်းရေးမှူး၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ပြီးခဲ့သည့် တနင်္လာနေ့တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းချင်းဟိုင်ပြည်နယ်သို့ လှည့်လည်ရေးခရီးစဉ် စတင်ခဲ့သည်။

သမ္မတရှီသည် ရှီနင်းရှိ ပြည်သူများနှင့် တွေ့ဆုံကာ ပါတီ၏ လုပ်ငန်းများတိုးတက်ကောင်းမွန်ရန်၊ ရပ်ရွာအဆင့်အုပ်ချုပ်မှုတိုးတက်ကောင်းမွန်ရန်နှင့် တိုင်းရင်းသားများစည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ချက်များအား လေ့လာခဲ့သည်။ပြည်သူ့ဝန်ထမ်း Drolma Yungge က” အထွေထွေအတွင်းရေးမှူးရှီက ဂိတ်ကနေဝင်လာတယ်၊ အားလုံးကလည်းလက်ခုပ်တွေတီးပြီးသိပ်ကိုစိတ်လှုပ်ရှားနေကြတာပေါ့၊ အဲဒီအချိန် ကျွန်မ အရှေ့မှာ ဒေသခံတစ်ယောက် က ကန်တင်းမှာစားဖို့ ထမင်းစားလက်မှတ်လျှောက်လွှာတင်နေခဲ့တာ၊ အဲဒီမှာရှီက ရောက်လာပြီးတော့ မေးလိုက်တယ် “ဘာတွေလုပ်နေတာလဲဗျ”ဆိုပြီး ၊ အဲဒါနဲ့ အဲဒီအန်တီက ပါတီနဲ့ အစိုးရရဲ့ ဂရုစိုက်ပေးမှုတွေကိုကျေးဇူးတင်ပါတယ်၊ ဘဝဟာ ပိုပြီးကောင်းသထက်ကောင်းလာပါတယ်၊ ဒီလိုလုပ်ပေးတဲ့အတွက် သိပ်ပြီး နွေးထွေးစေပါတယ်လို့ ပြောပြခဲ့ပါတယ်” ဟုဆိုသည်။

ပါတီအကြီးအကဲနှင့် အဖွဲ့အစည်း ညွှန်ကြားရေးမှူး Liu CuiQing က“ ဒုတိယထပ်က အလုပ်ခန်းလေ၊ ကျွန်မတို့မှာ လက်ရေးလှ နဲ့ ပန်းချီသင်တဲ့ဆရာတွေရှိတယ်၊ပြီးတော့ အသက်ကြီးပိုင်းတွေအတွက် စားသောက်ခန်းလည်းရှိတယ်။ အဲဒီမှာ အထွေထွေအတွင်းရေးမှူးရှီအတွက် စပ်ဆိုထားတဲ့ တေးသီချင်းကိုတိုက်နေကြတာ” ဟုဆိုသည်။

တီးဝိုင်းခေါင်းဆောင် Wang Hongmei က” ရှီက မေးတယ် ကျွန်မတို့ ဘယ်လိုဖျော်ဖြေဖို့ပြင်ဆင်ထားလဲတဲ့၊ ဒါက တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် ပြပွဲအတွက်ပါလို့ ကျွန်မက ရှီ့ကိုပြောပြလိုက်တယ်၊ ဒါနဲ့ သူက ကျွန်မတို့ တိုင်းရင်းသားလူမျိုးစုရဲ့ နောက်ခံသမိုင်းကြောင်းကိုမေးတယ်။ ဒါနဲ့ကျွန်မလည်း ကျွန်မတို့တိုင်းရင်းသားတွေထဲမှာ တုတိုင်းရင်းသား၊ ဟန်တိုင်ရင်းသားနဲ့ တိဘက်တိုင်းရင်းသားတို့ပါတယ်လို့ ပြောပြခဲ့တယ်” ဟုဆိုသည်။

CPC ခရိုင်ကော်မတီဝင် Guan Zengfang က “ချင်းဟိုင် မှာ တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်ကြပါတယ်၊ ဒါကြောင့် ချင်းဟိုင်မှာနေထိုင်သူတွေအဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးရှိဖို့ အင်မတန်အရေးကြီးပါတယ်။ ကျွန်မဆိုလည်းတိုင်းရင်းသားလူနည်းစု က မွေးဖွားလာတာပါ ပြီးတော့ ကျွန်မ နေ့စဉ်ဘဝမှာ အမျိုးသားစည်းလုံးညီညွတ်မှုကိုထိန်းသိမ်းဖို့အကောင်းဆုံးအလုပ်တွေကိုလုပ်ဆောင်သွားမှာပါ။” ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.