Connect with us

Media

တရုတ်အာကာသစခန်း ပုံမှန် အလှည့်ကျတာဝန်ထမ်းဆောင်သည့်ပုံစံကို စမ်းသပ်နေ

ကျိုချွမ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၁၅ အာကာသယာဉ်မှူးများသည် နိုဝင်ဘာ ၃၀ ရက်တွင် တရုတ်အာကာသစခန်းသို့ ဝင်ရောက်ပြီး အခြားသော အာကာသယာဉ်မှူး ၃ ဦးနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ အာကာသစခန်းလက်တွေ့ခန်း၌ ပထမဆုံး လူဦးရေ ၆ ဦးအထိ တိုးလာသော သမိုင်းဝင် ဆုံစည်းမှုတစ်ခု ဖြစ်သည်။

အာကာသစခန်း၌ ဆုံစည်းခြင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံးသော အာကာသစခန်း အလှည့်ကျတာဝန်ထမ်းဆောင်မှုကို အစပြုလိုက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသ အေဂျင်စီ (CMSA)၏ ဖော်ပြချက်များအရ သိရသည်။
အလှည့်ကျတာဝန်ထမ်းဆောင်သည့်ပုံစံကို စမ်းသပ်ပြီးပါက ၎င်းမှာ ပုံမှန်လည်ပတ်သည့်ပုံစံ ဖြစ်လာမည် ဖြစ်ကြောင်း China Academy of Space Technologyမှ အာကာသယာဉ် အကြီးတန်း ဒီဇိုင်နာ ကောင်းရွှိက ဆိုသည်။

အနာဂတ်တွင် နှစ်စဉ် ပျမ်းမျှ လူတင်အာကာသယာဉ် ၂ စင်း လွှတ်တင်မှုကို ပုံမှန် ဆောင်ရွက်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

GAO XU
China Academy of Space Technology ၏ အာကာသယာဉ် အကြီးတန်း ဒီဇိုင်နာ
“ကျွန်တော်တို့ အာကာသစခန်းမှာ အာကာသယာဉ်မှူးအသစ်တွေရောက်ပြီးမှ အာကာသယာဉ်မှူးအဟောင်းတွေ ဆင်းလာတဲ့ပုံစံပါ။ ဒါက အာကာသစခန်းမှာ လူအမြဲရှိနေမှုကို သေချာစေမှာဖြစ်ပါတယ်။ တကယ်တော့ အာကာသစခန်းမှာ ကာလရှည် လူရှိနေတာက ကျွန်တော်တို့ရဲ့မစ်ရှင်တွေ အဆက်မပြတ်ဆောင်ရွက်နိုင်တယ်လို့ ဆိုလိုတာပါပဲ။ အရင်ကလို မစ်ရှင်တစ်ခုပြီးလို့ နားပြီးမှ နောက်မစ်ရှင်တစ်ခုဆောင်ရွက်တာမျိုးနဲ့ မတူပါဘူး။ ဒီလိုမျိုး မြင့်မားတဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အရှိန်ဟုန်မြင့်မားစွာလုပ်ဆောင်နိုင်ဖို့ လူလိုက်ပါနိုင်တဲ့အာကာသယာဉ်တစ်ဖွဲ့လုံးကို အပြည့်အဝ ပြင်ဆင်ထားရပါတယ်။ နည်းပညာလုပ်ငန်းစဉ်တွေ ဒါမဟုတ် ဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်အောင် ဆောင်ရွက်မှုတွေကိုပါ အများကြီးလုပ်ဆောင်ထားရပါတယ် ”

ဇွန်လတွင် အာသာစခန်းသို့ ပို့ဆောင်ခဲ့သည့် ရှန်ကျိုး-၁၄ အာကာသယာဉ်မှူးများအနေဖြင့် ၎င်းတို့၏ ဂြိုဟ်ပတ်လမ်းအတွင်း လုပ်ငန်းတာဝန်လွှဲပြောင်းမှုများကို လာမည့် ၅ ရက်ခန့်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ကြရန်နှင့် တရုတ်နိုင်ငံ အတွင်းမွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တုန်းဖုန်းမြေပြင်ဆင်းသက်ရေး နေရာသို့ ပြန်လည်ရောက်ရှိရန် စီစဉ်ထားခြင်းဖြစ်သည်။

ရှန်ကျိုး-၁၅ မစ်ရှင်က အာကာသစခန်းတည်ဆောက်မှု နောက်ဆုံးအဆင့်ကို အပြီးသတ်ဆောင်ရွက်မည် ဖြစ်ပြီး အာကာသစခန်း အသုံးချမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု ပထမအဆင့်ကို စတင်မည် ဖြစ်ကြောင်း သိရသည်။

မစ်ရှင်ကာလ ၆ လအတွင်း ရှန်ကျိုး-၁၅ အာကာသယာဉ်မှူးများသည် တရုတ်အာကာသစခန်း မော်ဂျူး ၃ ခု၌ ကာလရှည်နေထိုင်ရေးနှင့်စပ်လျဉ်းသော စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

GAO XU
China Academy of Space Technology၏ အာကာသယာဉ် အကြီးတန်း ဒီဇိုင်နာ
“ရှန်ကျိုး-၁၅ လူလိုက်ပါနိုင်တဲ့အာကာသယာဉ်က ကျွန်တော်တို့ရဲ့ အာကာသစခန်းတည်ဆောက်မှုအပိုင်းရဲ့ နောက်ဆုံး လူလိုက်ပါနိုင်တဲ့အာကာသယာဉ် ပျံသန်းမှု ဖြစ်ပါတယ်။ ဒီတစ်ခေါက်မစ်ရှစ်မှာ အရေးကြီးဆုံးက တရုတ်အာကာသစခန်းတည်ဆောက်မှုကို အောင်မြင်စွာ ပြီးပြည့်စုံအောင် တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက ရှန်ကျိုး-၁၅ အာကာသယာဉ်က ပျံသန်းရေးယာဉ် ၅ ခုဖြင့် T ပုံသဏ္ဌာန် ချိတ်ဆက်ခြင်း ဖြစ်ပါတယ်။ ဒီလိုအတိုင်းအတာနဲ့ တန်ချိန်ပမာဏက ယခင်က မရှိခဲ့ဖူးပါဘူး။”

……………………………………………………

(English Version)

GLOBALink | Regular rotation mode of Chinese space station to be tested: senior designer

STORYLINE:

The three astronauts aboard China’s Shenzhou-15 spaceship entered the country’s space station and met with another astronaut trio on Wednesday, a historic gathering that added the manpower at the in-orbit space lab to six for the first time.

According to the China Manned Space Agency (CMSA), the space reunion has kicked off the country’s first in-orbit crew rotation.

Gao Xu, a senior spaceship designer at the China Academy of Space Technology, said the rotation can verify the feasibility of the regular rotation mode that will follow.

He said that in the future, an average of two launches of crewed spaceships every year will become routine.

SOUNDBITE 1 (Chinese): GAO XU, Senior spaceship designer at China Academy of Space Technology
“The mode of our space station mission is that the new crew goes up first, and then the old crew comes down, which can ensure that the space station is always manned. In fact, a long-term manned space station means that our mission is actually a permanent one, unlike in the past, when we could take a rest after one mission and then execute the next mission. So to cope with our high-intensity development work, the entire manned spacecraft team is well prepared. We have done a lot no matter in the optimization of technical processes or the improvement of development means.”

The Shenzhou-14 astronauts, who were sent to the space station in June, plan to complete the in-orbit work handover in about five days, and then return to the Dongfeng landing site in north China’s Inner Mongolia Autonomous Region.

The CMSA said the Shenzhou-15 mission will wrap up the last stage of the space station construction and kick off the first stage of its application and development.

During their six-month mission, the Shenzhou-15 crew will carry out tests related to long-term residence in China’s space station at its three-module configuration.

SOUNDBITE 2 (Chinese): GAO XU, Senior spaceship designer at China Academy of Space Technology
“The manned flight of Shenzhou-15 is the last manned flight in the construction phase of our space station. Through this mission, we will successfully complete the construction process of our Chinese space station. It’s also the first time for Shenzhou-15 to dock with a T-shape configuration composed of five vehicles, with the scale and tonnage of the docking target being unprecedented.”

Xinhua News Agency correspondents reporting from Jiuquan, China.
(XHTV)