Connect with us

Media

တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် Bozhong 19-6 သဘာဝဓာတ်ငွေ့လုပ်ကွက် ဗဟို ပလပ်ဖောင်း တည်ဆောက်မှု ပြီးစီး

ထျန်းကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေါ်ဟိုင်ပင်လယ် အရှေ့ဘက် ကမ်းရိုးတန်းရှိ ကြီးမားသော Bozhong 19-6 ဓာတ်ငွေ့လုပ်ကွက် ဗဟိုပလပ်ဖောင်းကို တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။

ပေါ်ဟိုင်ပင်လယ် အလယ်ပိုင်းတွင် ၂၀၁၉ ခုနှစ်က ပထမဆုံး တွေ့ရှိခဲ့သော Bozhong 19-6သည် လေဆီ(condensate oil) ကုဗမီတာ သန်း ၂၀၀ ကျော်နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂၀၀ ဘီလီယံ ကျော် ရှိကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ ဓာတ်ငွေ့လုပ်ကွက် လည်ပတ်နိုင်ပါက ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသနှင့် ပေါ်ဟိုင်ပင်လယ် တစ်ဝိုက်ဒေသများအတွက် တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော သန့်စင်စွမ်းအင်နှင့် ဓါတုပစ္စည်းများ ပံ့ပိုးပေးနိုင်မည် ဖြစ်ရာ တရုတ်နိုင်ငံ၏၂၀၃၀ ခုနှစ် မတိုင်မီ ကာဗွန် ထုတ်လုပ်မှု လျှော့ချခြင်း အမြင့်ဆုံး ဖြစ်နိုင်ရေး နှင့် ၂၀၆၀ ခုနှစ် မတိုင်မီ ကာဗွန်ကင်းစင်ရေး ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Construction of central platform of Bozhong 19-6 gas field completed
Construction of the central platform of Bozhong 19-6, a massive gas field in China’s Bohai Sea on the east coast, has been completed in Qingdao, China.
First discovered in 2019 in the central Bohai Sea, Bozhong 19-6 has proven reserves of over 200 million cubic meters of condensate oil and over 200 billion cubic meters of natural gas.
When the gas field is put into operation, it will provide stable and reliable clean energy and chemical products for the Beijing-Tianjin-Hebei region and the Bohai Rim region, which is of great significance to helping realize China’s goals of achieving carbon peak before 2030 and carbon neutrality before 2060.
Xinhua News Agency correspondents reporting from Tianjin, China.(XHTV)