Connect with us

Media

တရုတ်နိုင်ငံ ကွမ်ရှီးဒေသတွင် ပုံမှန်အခြေအနေပြန်လည်ရောက်ရှိရန် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

နန်နင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသ လျင်ယွင်ခရိုင်တွင် ဩဂုတ် ၂၃ ရက်မှ ၂၅ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

အဆိုပါနေရာရှိ နေထိုင်သူ ၁၂,၀၀၀ ကျော် ရေဘေးဒဏ်ခံစားခဲ့ရပြီး လူဦးရေ ၆,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းခဲ့ရကာ ကောက်ပဲသီးနှံ ဟက်တာပေါင်းများစွာ ပျက်စီးခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုမရှိခဲ့သော်လည်း ဒေသခံများ၏ နေထိုင်မှုဘဝကိုမူ အနှောင့်အယှက်ဖြစ်စေခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် လမ်းများ၊ စာသင်ကျောင်းများနှင့် လူနေဧရိယာများ၌ ကျန်ရှိနေသော ရွှံ့နွံ့များနှင့် အပျက်အစီးများကို အစိုးရဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကူညီရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Flood relief efforts in progress to restore normalcy in China’s Guangxi
Lingyun County in south China’s Guangxi was hit by heavy rain from Wednesday to Friday.
The flood affected more than 12,000 people, forcing over 6,000 to evacuate and damaging hundreds of hectares of crops.
No casualties were reported, but the flood has disrupted the life of the residents.
Government workers and volunteers were mobilized to help clear the streets, schools, and residential areas of mud and debris.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.