Connect with us

Media

တရုတ်နိုင်ငံ ရှန်ကျိုး-၁၉ အာကာသယာဉ်က အာကာသစခန်းပူးတွဲခန်းနှင့် ချိတ်ဆက်မိ

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၉ လူလိုက်ပါသောအာကာသယာဉ်က အာကာသစခန်းပူးတွဲခန်းနှင့် အောက်တိုဘာ ၃၀ ရက်တွင် အောင်မြင်စွာ ချိတ်ဆက်မိခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) ထံမှ သိရသည်။
အာကာသယာဉ်က အာကာသစခန်း၏ ထျန်းဟဲပင်မမော်ဂျူး အရှေ့ဘက်ချိတ်ဆက်ပေါက်နှင့် ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီတွင် လျင်မြန်စွာ အလိုအလျောက် ချဉ်းကပ်ခြင်းနှင့် ချိတ်ဆက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အာကာသယာဉ်ပေါ်လိုက်ပါလာသော အာကာသယာဉ်မှူးသုံးဦးက ထျန်းဟဲမော်ဂျူးထဲသို့ ဝင်ရောက်သွားမည် ဖြစ်ကာ ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများက ၎င်းတို့ ရောက်ရှိလာမှုအတွက် အသင့်ဖြစ်နေကြပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါအာကာသယာဉ်အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F သယ်ဆောင်ရေးဒုံးပျံဖြင့် အောက်တိုဘာ ၃၀ ရက် နံနက်အစောပိုင်းတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
China’s Shenzhou-19 spaceship docks with space station combination
China’s Shenzhou-19 crewed spaceship successfully docked with the space station combination on Wednesday, according to the China Manned Space Agency.
The spaceship made a fast, automated rendezvous and docking with the front port of the space station’s core module Tianhe at 11 a.m. (Beijing Time).
The astronaut trio aboard the spaceship will then enter the Tianhe module. Meanwhile, the Shenzhou-18 crew members are ready for their arrival.
The spaceship, atop a Long March-2F carrier rocket, blasted off from the Jiuquan Satellite Launch Center in northwest China early on Wednesday.
Xinhua News Agency correspondents reporting from Beijing. (XHTV)