Connect with us

Media

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာအယ်ပင်းမြို့တွင် မြစ်ကမ်းနံဘေး ဧရာမဖျော်ဖြေတင်ဆက်မှုအသစ် ပြုလုပ်

ဟာအယ်ပင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟာအယ်ပင်းမြို့တွင် မကြာသေးမီက “ဟာအယ်ပင်းတွင် ဆုံတွေ့ကြစို့” ဟု အမည်ပေးထားသော မြစ်ကမ်းနံဘေး ဧရာမ ဖျော်ဖြေတင်ဆက်မှုကြီး ပြုလုပ်ခဲ့သည်။ အချိန် မိနစ် ၆၀ ကြာ ကျင်းပခဲ့သော အဆိုပါ ဖျော်ဖြေပွဲတွင် ပြဇာတ်၊ သီချင်းသီဆိုကပြဖျော်ဖြေခြင်း၊ အံ့ဖွယ်လှုပ်ရှားမှု၊ ရေပေါ်တင်ဆက်ဖျော်ဖြေမှုတို့ပါဝင်သလို မီးရှူးမီးပန်းပြကွက်များ၊ လေဆာပြကွက်များ၊ ဒရုန်းတင်ဆက်မှုများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ရာ ဒေသခံများနှင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ထားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
New riverside immersive show launched in NE China’s Harbin
The “Meet Harbin” immersive riverside show has been unveiled recently in northeast China’s Harbin.
The 60-minute performance includes situational drama, singing and dancing, acrobatics, and water performances.
Combined with water curtain movies, fire shows, laser shows, and drone performances, the grand show has attracted both locals and tourists.