Connect with us

Media

ချင်းသောင်မြို့၌ တရုတ်နိုင်ငံက တည်ဆောက်ထားသည့် ကမ်းလွန်ရေနံပလက်ဖောင်း ပြီးစီး

ချင်းသောင်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့၌ China Offshore Oil Engineering ကုမ္ပဏီ(COOEC) က တည်ဆောက်သည့် Marjan Offshore GOSP-4 Tie-in ပလက်ဖောင်းက ဩဂုတ် ၁၂ ရက်တွင် ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဝန်တန်ချိန် ၁၇,၀၀၀ ကျော်ရှိသည့် ရေနံနှင့်ဓာတ်ငွေ့ စုဆောင်း၊ လွှဲပြောင်းပေးသည့် ယင်းပလက်ဖောင်းက နှစ်စဉ် ရေနံစိမ်းတန်ချိန် ၂၄ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၇.၄ ဘီလီယံ စုဆောင်းပို့ဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
………………………………………………..

(English Version)

China-built offshore oil platform completed in Qingdao
The Marjan Offshore GOSP-4 Tie-in Platform built by China Offshore Oil Engineering Company (COOEC) was completed in Qingdao, east China’s Shandong Province on Monday.
This oil and gas collecting and transferring platform, with a weight exceeding 17,000 tonnes, is expected to collect and transport 24 million tonnes of crude oil and 7.4 billion cubic meters of associated gas every year.
Xinhua News Agency correspondents reporting from Tianjin and Qingdao, China. (XHTV)