Connect with us

Media

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ဝေဟင်နိမ့် မြို့တွင်းလေကြောင်းခရီး စတင်ပြေးဆွဲ

ကျန်းဆူး၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်းဆူးပြည်နယ်၊ ခွန်းဆန်းမြို့ရှိ လေဆိပ်အဆောက်အအုံတစ်ခုမှ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ခရီးသည်နှစ်ဦး လိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စင်း ပျံတက်လာခဲ့သည်။
အသစ်ဖွင့်လှစ်လိုက်သော ယင်းလေကြောင်းခရီးစဉ်သည် ရှန်ဟိုင်းမြို့ကြီးနှင့် အနီးဝန်းကျင်ရှိ ခွန်းဆန်းမြို့အကြား မြို့တွင်းသယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထိုရဟတ်ယာဉ်သည် နံနက် ၈ နာရီ ၅၈ မိနစ်တွင် ရှန်ဟိုင်းမြို့၊ ဖူတုံဧရိယာသစ်ရှိ ပျံသန်းရေးစခန်းတစ်ခု၌ ဆင်းသက်ခဲ့ပြီးနောက် ခရီးသည်များက ရှန်ဟိုင်း ဖူတုံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာမည့် လွန်းပြန်ယာဉ်တစ်စင်းပေါ်သို့ တက်ရောက်ခဲ့သည်။
“ခွန်းဆန်းကနေ ဖူတုံလေဆိပ်ကို ကားနဲ့သွားရင် အနည်းဆုံးနှစ်နာရီကြာတယ်ဗျ ။ ယာဉ်ကြောပိတ်နေရင် နှစ်နာရီခွဲလောက်ကြာတယ်။ ဒါပေမဲ့ အခု အဲဒီခရီးက မိနစ် ၉၀ လောက် အချိန်ကုန်သက်သာသွားပါပြီ။ ခရီးသည်တွေ လေဆိပ်ကို အချိန်မှန်မှန်ပို့ပေးနိုင်ပြီလေ”ဟု Shanghai New Sky Helicopter ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ချောင်ရှင်းထျန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဝေဟင်နိမ့် စီးပွားရေးလုပ်ငန်းအား မြှင့်တင်ရန် ကြိုးပမ်းနေစဉ် ရှန်ဟိုင်းမြို့၌ ယင်းကဲ့သို့ စိတ်လှုပ်ရှားဖွယ် ခရီးသည်ပို့ဆောင်ရေး စီမံကိန်းများကို တိုးချဲ့လျက်ရှိသည်။
ရှန်ဟိုင်းမြို့နှင့် ယန်ဇီမြစ်ဝှမ်းဒေသရှိ အခြားအရပ်ဒေသများကို ချိတ်ဆက်သည့် လေကြောင်းခရီးများကို ထပ်မံဖွင့်လှစ်ရန်လည်း စီစဉ်လျက်ရှိသည်။ (Xinhua)
………………………
(English Version)
Intercity low-altitude air route launched in east China
8:30 a.m.
Kunshan City, Jiangsu, east China
A helicopter with two passengers on board took off from a terminal in Kunshan.
The newly launched flight aims to facilitate intercity transportation between Shanghai and its neighboring city Kunshan.
At 8:58 a.m., the helicopter landed at a flight base in Pudong New Area, Shanghai
where the passengers boarded a shuttle vehicle to Shanghai Pudong International Airport.
Cao Xintian
chairman
Shanghai New Sky Helicopterco.,Ltd.
(a car trip from Kunshan to Pudong Airport takes at least two hours.
Two and a half in a fraffic jam.
But now we can make the trip 90 minutes shorter.
We can make sure passenger to the airport on time.)
Shanghai developing exciting passenger transportation projects like this amid China’ ongoing efforts to boost its low-altitude economy.
Shanghai plans to open more low-altitude air routes connecting the city to other locations in the Yangtze River Delta.