Connect with us

Media

နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုရေး တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် IAEA စိတ်အားထက်သန်

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အနေဖြင့် တရုတ်နိုင်ငံ၏ နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုများအား တွေ့မြင်ရသည့်အတွက် လွန်စွာသဘောကျအထင်ကြီးမိကြောင်းနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် စိတ်အားထက်သန်လျက်ရှိကြောင်း IAEA တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
IAEA နှင့် တရုတ်နိုင်ငံအကြား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့ကြောင်း ၊ နျူကလီးယားစွမ်းအင် ၊ နျူကလီးယားနည်းပညာအသုံးပြုမှုများ ၊ နျူကလီးယားဘေးကင်းလုံခြုံရေးနှင့် မပြန့်ပွားရေးကဲ့သို့ နယ်ပယ်များအား လွှမ်းခြုံထားကြောင်း IAEA အများပြည်သူသတင်းအချက်အလက်နှင့် ဆက်ဆံရေးရုံး၏ ဒါရိုက်တာ Sophie Boutaud de la Combe က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
IAEA eager to deepen cooperation with China on peaceful use of nuclear technology
The International Atomic Energy Agency (IAEA) is highly impressed to see China’s significant progress in nuclear development and is eager to deepen collaboration with the country on the peaceful use of nuclear energy, according to an IAEA official.
The cooperation between the IAEA and China has been multifaceted, covering areas such as nuclear energy, nuclear technology applications, nuclear safety and security, and nonproliferation, said Sophie Boutaud de la Combe, director of the Office of Public Information and Communication of the IAEA, at an event commemorating the 40th anniversary of China’s accession to the IAEA.
Xinhua News Agency correspondents reporting from Beijing. (XHTV)