Connect with us

Media

အာဖရိကသတင်းသမားများက တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ မောင်းသူမဲ့တက္ကစီများအား လိုက်ပါစီးနင်း

ချုံချင့်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့၌ အာဖရိကသတင်းသမားများကို တရုတ်နိုင်ငံ၏ ခေတ်မီမောင်းသူမဲ့ကားများက အတွေ့အကြုံအသစ်တစ်ရပ်အနေဖြင့် အံ့အားသင့်စေခဲ့ကြောင်း သိရသည်။
“ဒါက ရင်သပ်ရှုမောစရာ အတွေ့အကြုံတစ်ခုပါပဲ။ အံ့ဩစရာကောင်းပါတယ်။ ဒါက အံ့ချီးကုန်နိုင်ဖွယ် အတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်”ဟု နိုင်ဂျီးရီးယားသတင်းအေဂျင်စီ သတင်းထောက် FORTUNE EGBEJI ABANG က ပြောကြားခဲ့သည်။
“ဒါက တရုတ်နိုင်ငံရဲ့ ကားတွေများတဲ့လမ်းပေါ်မှာ ပထမဆုံးအကြိမ် ယာဉ်မောင်းမပါဘဲ မောင်းနှင်သွားလာတဲ့ ခံစားမှုအသစ်ပါပဲ။ အံ့ဩစရာကောင်းပါတယ်။ ယာဉ်မောင်းမပါတဲ့ ကားကို မစီးဖူးပါဘူး။ ဒါပေမဲ့ နောက်တစ်ခါ ထပ်စီးကြည့်ဦးမှာပါ။ အလိုအလျောက်မောင်းနှင်ပေးတဲ့ကားကို ထပ်စီးကြည့်ချင်ပါသေးတယ်။ ဒါကြောင့် မောရစ်သျှနိုင်ငံမှာလည်း အများကြီး ရှိစေချင်ပါတယ်။ ဒါက ကျွန်တော်ရဲ့ ဘဝမှာ ပထမဆုံး အတွေ့အကြုံလည်း ဖြစ်ပါတယ်။ ယာဉ်မောင်းမပါပေမဲ့လည်း ယာဉ်မောင်းနဲ့ သွားလာနေရသလိုပါပဲ။ ဒါက ပြောင်းလဲမှုတစ်ခုပါ။ ဒီလိုကားမျိုး ထပ်ပြီး စီးချင်ပါသေးတယ်။ အထူးသဖြင့် ဒီကားက သဘာဝပတ်ဝန်းကျင်အတွက်လည်း လိုက်လျောညီထွေ ရှိတယ်။ ကုန်ကျစရိတ်လည်း နည်းတယ်။ ဒါကြောင့် အနာဂတ်မှာ ဒီလိုကားမျိုးတွေ အာဖရိကမှာ ဘာလို့ မရှိနိုင်ရမှာလဲ” ဟု Mauritius ရုပ်သံကော်ပိုရေးရှင်း၏ သတင်းသမား AASTHA SHARMA GOBIN CHITAMUN က ပြောကြားခဲ့သည်။
“တရုတ်ခေတ်မီကားတစ်စီးထဲကို ဝင်လိုက်တဲ့အခါမှာ တရုတ်နိုင်ငံမှာ အရာအားလုံး ဖြစ်နိုင်တယ်ဆိုတဲ့ အစစ်အမှန် အရှိတရားကို ကျွန်တော်တို့ကို ပေးစွမ်းပါတယ်။ ဒါက စိတ်ကူးတွေ ၊ ဆန်းသစ်တီထွင်မှုတွေ ပိုပြီး သာလွန်ပါတယ်။ အာဖရိကကို ဒါတွေ သယ်ဆောင်သွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်”ဟု နိုင်ဂျီးရီးယားသတင်းအေဂျင်စီ သတင်းထောက် FORTUNE EGBEJI ABANG က ပြောကြားခဲ့သည်။ (Xinhua)
………………………….
(English Version)
African journalists experience driverless “taxis” in China’s Chongqing
A new experience! See how China’s smart, driverless cars wowed African journalists in China’s Chongqing.
SOUNDBITE 1 (English): FORTUNE EGBEJI ABANG, Correspondent of the News Agency of Nigeria
“Oh, it’s a breathtaking experience. It’s lovely, it’s amazing. It’s an out-of-this-world experience as well.”
SOUNDBITE 2 (English): AASTHA SHARMA GOBIN CHITAMUN, Journalist of the Mauritius Broadcasting Corporation
“It’s a new feeling, driving without a driver for the first time on such a busy road in China. It’s amazing. I’m not used to driving a car without a driver, but I would do it again. I would go in an autonomous car again. So, I want so many in Mauritius. It was a first-time experience in my life. It was just like driving with a driver, but without a driver. This is a revolution. I would like to ride again and again in such a car. Especially, it’s environmentally friendly, and it’s cost-effective also. So, why not in the future see these cars in Africa?”
SOUNDBITE 3 (English): FORTUNE EGBEJI ABANG, Correspondent of the News Agency of Nigeria
“Entering a Chinese smart car gave me the reality that all things are possible in China. It’s beyond ideation, it’s beyond innovation. I can only wish that this is carried to Africa.”
Xinhua News Agency correspondents reporting from Chongqing, China. (XHTV)