Connect with us

Media

တရုတ်နိုင်ငံက Tianqi ဂြိုဟ်တုအစုအဝေးအသစ် လွှတ်တင်

ရှီးချန်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Tianqi ဂြိုဟ်တုအစုအဝေးအတွက် ဂြိုဟ်တုအသစ်လေးစင်းအား စက်တင်ဘာ ၂၀ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Tianqi 29-32 ဟု အမည်များပေးထားသည့် ဂြိုဟ်တုလေးစင်းအား Kuaizhou-1A (KZ-1A) သယ်ဆောင်ရေး ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ညနေ ၅ နာရီ ၄၃ မိနစ်တွင် လွှတ်တင်ခဲ့ပြီး သတ်မှတ်ထားသည့် ဂြိုဟ်ပတ် လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ယင်းလွှတ်တင်မှုမှာ KZ-1A သယ်ဆောင်ရေးဒုံးပျံ ပါဝင်သည့် ၃၃ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
China launches new Tianqi constellation satellites
China launched four new satellites for the Tianqi constellation from the Xichang Satellite Launch Center on Friday, in southwest China’s Sichuan Province.
The four satellites, named Tianqi 29-32, were launched at 5:43 p.m. (Beijing Time) by a Kuaizhou-1A (KZ-1A) carrier rocket and have entered the planned orbit.
This launch marks the 33rd flight mission involving a KZ-1A carrier rocket.
Xinhua News Agency correspondents reporting from Xichang, China. (XHTV)