Connect with us

Media

ကမ္ဘာ့အမြင့်ဆုံးတံတားမှ ခုန်လွှားရန် တရုတ်နိုင်ငံသို့ ပြည်ပအားကစားသမားများ ရောက်ရှိလာ

ကွေ့ယန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ၂၀၂၄ ခုနှစ် နိုင်ငံတကာ မြင့်မားသောတံတားပေါ်မှ စွန့်စားအားကစားဖိတ်ခေါ်ပြိုင်ပွဲ အား ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲတွင် အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့အပါအဝင် နိုင်ငံနှင့်ဒေသ ၁၈ ခုမှ စွန့်စားအားကစားဝါသနာရှင် ၃၀ ကျော်အား ဆွဲဆောင်ခဲ့ကြောင်း သိရသည်။
ကွေ့ကျိုးပြည်နယ်နှင့် ယူနန်ပြည်နယ်အစပ်ရှိ Beipanjiang တံတားသည် လက်ရှိတွင် ကမ္ဘာ့အမြင့်ဆုံးတံတား ဖြစ်ပြီး ချိုင့်ဝှမ်းအထက် အမြင့် ၅၆၅ မီတာခန့်တွင် တည်ရှိကာ အထပ် ၂၀၀ ရှိသော အဆောက်အဦအမြင့်နှင့် ညီမျှကြောင်း သိရသည်။

“ကမ္ဘာ့အကြီးဆုံးတံတားပေါ်ကနေ ခုန်ချရတာ တကယ့်ကို မယုံနိုင်လောက်စရာပါပဲ။ ချိုင့်ဝှမ်းတစ်လျှောက် လေထီးခုန် ပျံသန်းဖို့ အချိန်အများကြီး ရခဲ့တယ်။ပြီးတော့ အရမ်းကို လှပပါတယ်။ စင်မြင့်ကနေ ပြေးပြီးတော့ လေထဲကို ခုန်ချပြီးတော့ လေထီးကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ လှပတဲ့ ချိုင့်ဝှမ်းကနေ ဆင်းသက်တဲ့ နေရာဆီကို ပျံဝဲလာခဲ့ပါတယ်”ဟု ဂျာမနီအားကစားသမား Angela Christa Proudfoot က ပြောကြားခဲ့သည်။

တူကီယဲဒိုင်တစ်ဦးဖြစ်သူ Kadri Tuglu က “ဒီနေရာမှာ ချန်ပီယံပြိုင်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ခုန်လွှားခဲ့တဲ့နေရာတွေထဲမှာ ဒီနေရာ အကောင်းဆုံး ၊ အသင့်တော်ဆုံး နေရာ ဖြစ်ပါတယ်။ ဒီလိုမျိုး နည်းပညာ မြင့်မားပြီးတော့ တံတားအမြင့်တွေကို အရင်တုန်းက တစ်ခါမှ မတွေ့ခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(English Version)
Foreign athletes head to China to jump from world’s highest bridge
The 2024 International High Bridge Extreme Sports Invitational Tournament was held in China’s Guizhou from Sept. 21 to 24. The tournament attracted 30 extreme sports enthusiasts from 18 countries and regions, including the U.S. and Germany.
The Beipanjiang Bridge on the border of Guizhou and Yunnan provinces is currently the world’s highest bridge, sitting about 565 meters above a valley, equivalent to the height of a 200-story building.
SOUNDBITE 1 (English): Angela Christa Proudfoot, German athlete
“It’s like so incredible to jump off of the world’s biggest bridge and there’s so much time to fly our parachute through the valley, and it was just so beautiful. I got to run off the platform and leap into the air and then open my parachute and fly down this beautiful valley to the landing area.”
SOUNDBITE 2 (English):Kadri Tuglu, Turkish referee
“We decided to organize our championship here. This is the best place, the most suitable place from where we are jumping. I have never seen such high technology and high bridges before in my life.”
Xinhua News Agency correspondents reporting from Guiyang, China. (XHTV)