Media
ပေကျင်းအသင်းက တရုတ်နိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲ၌ စားပွဲတင်တင်းနစ်အမျိုးသားအဖွဲ့လိုက်ချန်ပီယံဆု ရရှိ
မကာအို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၌ နိုဝင်ဘာ ၂၀ ရက်ညက အကောင်းဆုံးငါးသင်း၏ ဖိုင်နယ်ပွဲစဉ်တွင် ပေကျင်းအသင်းက ရှန်ဟိုင်းအသင်းကို ရမှတ် ၃-၁ ဖြင့် အနိုင်ရရှိပြီး စားပွဲတင်တင်းနစ်အမျိုးသားအဖွဲ့လိုက်ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။
ပေကျင်းအသင်းမှ ဟွမ်ရိုကျိန့် နှင့် မာလုန်တို့က ရှန်ဟိုင်းအသင်းမှ ရွှီရှင်း နှင့် ကျိုးခိုင် တို့ကို ရမှတ် ၁၁-၉၊ ၅-၁၁၊ ၁၁-၄၊ ၁၁-၇ တို့ဖြင့် နှစ်ယောက်တွဲအဖွင့်နိုင်ပွဲ ရရှိခဲ့သည်။
လူအများမျှော်လင့်စောင့်စားခဲ့ကြသည့် ဖန်ကျန့်တုန်း နှင့် ဝမ်ချူချင်းတို့၏ ယှဉ်ပြိုင်ပွဲတွင် ရှန်ဟိုင်းမှ ဖန် က ပေကျင်းမှ ကမ္ဘာ့နံပါတ် ၁ ဝမ်ကို ရမှတ် ၈-၁၁၊ ၁၁-၇၊ ၁၁-၃ နှင့် ၁၁-၉ တို့ဖြင့် အနိုင်ရရှိကာ ပွဲစဉ်အား သရေပြန်ကျစေခဲ့သည်။
တတိယပွဲ၌ ပေကျင်းမှ မာ က ရှန်ဟိုင်းမှ ကျိုး ကို ရမှတ် ၁၁-၄၊ ၁၃-၁၁၊ ၁၄-၁၂ တို့ဖြင့် အနိုင်ရရှိခဲ့ပြီး စတုတ္တပွဲ၌လည်း ဝမ်က ရွှီ ကို ရမှတ် ၁၁-၈၊ ၁၂-၁၀၊ ၁၁-၈ တို့ဖြင့် အနိုင်ရရှိခဲ့ကာ ပေကျင်းအသင်းအား စားပွဲတင်တင်းနစ်အမျိုးသားအဖွဲ့လိုက်ပြိုင်ပွဲ၌ ဗိုလ်စွဲစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Beijing wins table tennis men’s team title at China’s National Games
MACAO, Nov. 20 (Xinhua) — Beijing defeated Shanghai 3-1 to claim table tennis men’s team title in the best-of-five final series at China’s 15th National Games on Thursday night.
Huang Youzheng and Ma Long of Beijing seized an opening victory in the doubles over Shanghai’s pair Xu Xin and Zhou Kai 11-9, 5-11, 11-4, 11-7.
In a much-anticipated clash between Fan Zhendong and Wang Chuqin, Shanghai’s Fan won over world No. 1 Wang of Beijing 8-11, 11-7, 11-3, 11-9 to tie the series.
In the third match, Ma beat Zhou 11-4, 13-11, 14-12, followed by Wang’s victory over Xu 11-8, 12-10, 11-8 in the fourth match.
Earlier on Thursday, Guangdong cruised past Heilongjiang 3-0 to take the team bronze. ■
