Connect with us

Videos

ဂွာတီမာလာနိုင်ငံတွင် ဒုတိယမြောက် မီးတောင်ပြင်းထန်စွာလှုပ်ရှားမှုဖြစ်ပွား

ဂွာတီမာလာ၊ဇွန် ၄ ရက်(ဆင်ဟွာ)

ဂွာတီမာလာနိုင်ငံ မြို့တော်အနီးတွင် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် မီးတောင်ပြင်းထန်စွာ လှုပ်ရှားမှုဖြစ်ပွားရာ လူပေါင်း ၂၅ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရသည်။ ထိုမီးတောင်လှုပ်ရှားမှုမှာ ယခုနှစ် အတွင်း စံချိန်တင်လောက်သည် အထိ ပြင်းထန်စွာလှုပ်ရှားခြင်းဖြစ်ကြောင်း သတင်းပေးပို့မှုများအရသိရသည်။

ထိုမီးတောင်လှုပ်ရှားမှုကြောင့် လူပေါင်း ၃ထောင်ကျော် နေရာရွှေ့ပြောင်းခဲ့ရပြီး စုစုပေါင်း လူ ၁.၇ သန်းအား အကျိုးသက်ရောက် မှု ရှိနိုင် ကြောင်း သတင်းထုတ်ပြန်ထားသည်။ Fuego မီးတောင်မှာ မြို့တော် ၏ အနောက်ဘက် ကီလိုမီတာ ၅ဝ အကွာတွင်တည်ရှိပြီးမီးတောင်လှုပ်ရှားချိန်တွင်မြေပြင်မှာ ပြင်းထန်စွာလှုပ်ရှား ရိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။ မီးတောင်မှထွက်သည့်ပြာများမှာလည်း ကားများ လမ်းများ စသည့်နေရာအနှံ့တွင်ဖုံးလွှမ်းသွားပြီး အစိုးရ အာဏာပိုင်များက ပြည်သူများကို မျက်နှာဖုံးနှာခေါင်းစည်းများတပ်ဆင်သွားလာရန် ညွှန်ကြားထားကြသည်။ ထိုမီးတောင်လှှုပ်ရှားမှုများကြောင့် ဂွာတီမာလာ ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်းယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.