Connect with us

Videos

စတီးချောင်းကို ခေါင်းဖြင့်ရိုက်ကာအပိုင်းပိုင်းချိုးပြခြင်းစသည့်စိတ်ဝင်စားဖွယ်စတန့်ပြကွက်များပြသသည့် ကွန်ဖူးပြပွဲ

ရှန်တုံ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်တုံပြည်နယ် တိုင်အန်မြို့တွင် ကွန်ဖူးအစွမ်းပြပွဲတစ်ရပ်ကို ပြသခဲ့သည်။ အဆိုပါ ကွန်ဖူးပြပွဲတွင် ထူးဆန်းအံ့ဖွယ် စတန့်များကိုကွန်ဖူးအစွမ်းဖြင့် ပြသခဲ့ကြသည်။ စတီးချောင်းကို ခေါင်းဖြင့်ရိုက်ကာ အပိုင်းပိုင်း ချိုးပြခြင်း နှင့် လူများပေါ်တွင် တင်ထားသောအုတ်ချပ်များကို တူဖြင့်ထုရိုက်ပြခြင်းစသည့် စတန့်များဖြင့် ပရိသတ်များ ၏ စိတ်ပါဝင်စားမှုကိုရယူနိုင်ခဲ့သည်။ ထို စတန့်ပြကွက်ဆန်းများကို ဝါသနာရှင်များအနေဖြင့်အိမ်တွင် လိုက်လံတုပကာ မပြုကြရန်လည်းသတိပေးထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.