Connect with us

Videos

စပါးအုံးမြွေအရေခွံ ၁ဝဝ ကျော်ကို တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဖမ်းဆီးရမိ

ကွမ်ရှီးကျွမ့်၊ မတ်လ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နယ်စပ်မြို့တွင် မကြာသေးမီက စပါးအုံးမြွေအရေခွံ ၁ဝဝ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။ အရှည်ဆုံး အရေခွံမှာ ၃ မီတာ ထက်ပိုမိုရှည်လျားသည်။ ပင်းရှန်းမြို့ရဲများမှ ကားဂိတ်တွင် ပုံမှန်စစ်ဆေးနေစဉ်အတွင်း ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထရပ်ကားတစ်စီးကို စစ်ဆေးစဉ် အနံ ပြင်းပြင်း ရခဲ့ရာမှ မသင်္ကာ၍ စစ်ဆေးကြည့်ရာ ယခုကဲ့သို့ မြွေအရေခွံများကို တွေ့ရှိခြင်းဖြစ်သည်။ စပါးအုံးမြွေများသည် တရုတ်နိုင်ငံတွင် ရှားပါးပြီး ထိန်းသိမ်းထားရသည့် မျိုးနွယ်များထဲမှ တစ်ခုဖြစ်သည်။ အဆိုပါအမှု ဒေသဆိုင်ရာ သစ်တော ဋ္ဌာနကို လွှဲပြောင်းပေးခဲ့ပြီး လိုအပ်သည့် စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.