Connect with us

Videos

အာဆီယံနှင့် ဘုံ အသိုင်းအဝိုင်းတစ်ခု သီးသန့်တည်ထောင်ရန် တရုတ် လိုလား

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

အပြန်အလှန် အကျိုးရလဒ်များ ရရှိစေရန် တရုတ်- အာဆီယံ (China- ASEAN) တည်ငြိမ်သော ဘုံအသိုင်း အဝိုင်း တစ်ခု တည်ထောင်ရန် တရုတ်နိုင်ငံက လိုလားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မတ်လ ၈ ရက်က ပြောသည်။

တရုတ်နိုင်ငံ အမျိုးသား ဥပဒေပြုလွှတ်တော် နှစ်ပတ်လည် အစည်းအဝေးနှင့် တွဲလျက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝမ်ရိက ပြောကြားခြင်း ဖြစ်ပြီး အာဆီယံသည် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု၊ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပင်လယ်ရေကြောင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် သင့်လျော်သော မိတ်ဖက်အဖြစ် တရုတ်က စိတ်ဝင်စား ရှုမြင်လျက်ရှိ ကြောင်း ဝမ်က ပြောသည်။

အာရှ ဖြတ်ကျော် ရထားလမ်း ကွန်ရက် တည်ဆောက်ရေးအား တရုတ်က တိုးမြှင့်လုပ်ဆောင်ရန်ရှိပြီး တရုတ်နှင့် အာဆီယံ နိုင်ငံများမှ ပြည်သူများအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားရောက်လည်ပတ်ရာတွင် လွယ်ကူ လာစေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရုတ်- အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် မူအား အဆင့်မြှင့် တင်ရန် ရှိပြီး ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး မိတ်ဖက်ဆောင်ရွက်မှု (RCEP) ညှိနှိုင်းမှု တိုးတက်ရေးနှင့် ယခုနှစ်မကုန်မီ အပြီးသတ်နိုင်ရေး လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝမ်က ပြောသည်။

လန်ချန်း- မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးအား ယခုလကုန်၌ ကျင်းပမည် ဖြစ်ပြီး ၎င်းမှာ တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးရှိသည့် နောက်ဆက်တွဲတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဏ္ဏဝါ စီးပွားရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ပင်လယ်ရေ ကြောင်းဆိုင်ရာ လုံခြုံရေး စသည့် နယ်ပယ်များတွင် တရုတ်က အာဆီယံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့် တင်မည် ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.