Connect with us

Videos

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး၏ ဇနီး Mrs. Wang Xuehong မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်းမှ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြု ညစာစားပွဲသို့တက်ရောက်

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်းသည် ၂၀၁၆ ခုနှစ် မတ်လ ၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့နှင့် မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်း တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် ဂုဏ်ပြု ညစာ စားပွဲကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၏ ဇနီး မစ္စစ် ဝမ်ရွှေဟုန် (Mrs.Wang Xuehong) တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး၏ ဇနီး မစ္စစ် ဝမ်ရွှေဟုန် Mrs.Wang Xuehong ၊ မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်း ဥက္ကဋ္ဌ လီဝေ့ဟွာ (Ms. Li Weihua) ၊ မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရှိ တရုတ်မျိုးနွယ် အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး အမျိုးသမီးများ အဖွဲ့၊ စုစုပေါင်း ၆၀၀ ဦးရေခန့် အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

Mrs. Wang Xuehong က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr.Hong Liang) နှင့် သံရုံး အဖွဲ့ဝင်များ အားလုံးကိုယ်စား မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများအား နှုတ်ဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်းတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်း ဥက္ကဋ္ဌ မစ္စ လီဝေ့ဟွာ Mrs. Li Weihua နှင့် မြန်မာ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ဒေါ်ရီရီမြင့် တို့မှလည်း တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ Mrs. Li Weihua မှ အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်း တည်ထောင်ခဲ့သည့် နှစ် ၇၀ အတွင်း အသင်းသား အဖွဲ့ဝင်များသည် အတူတကွ လူမှုပရဟိတ လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး မူလတန်းကြိုကျောင်းနှင့် တရုတ်စာ သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ပြီး တရုတ်စာပေ သင်ကြားမှု အခန်းကဏ္ဍ အတွက်များစွာ ကြိုးပမ်းဆောင်ရွက် ခဲ့ပါသည်။ Mrs. Li Weihua မှလည်း မြန်မာနိုင်ငံရောက် တရုတ်အမျိုးသမီးများ အသင်းနှင့် မြန်မာပြည်ဖွား တရုတ်လူမျိုးများ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပင်လယ်ရပ်ခြား တရုတ်မျိုးနွယ်များ အဖွဲ့အစည်းတို့၏ ကူညီပံံ့ပိုးမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.