Connect with us

Videos

ဗြိတိန် နျူကလီးယား စီမံကိန်းအတွက် တရုတ်၊ ပြင်သစ် လုပ်ငန်းများ သဘောတူစာချုပ် ချုပ်ဆို

လန်ဒန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဟင်ကလေပွိုင့်တွင် နျူကလီးယား စက်ရုံတစ်ရုံ တည်ဆောက်ရန် တရုတ်နှင့် ပြင်သစ် ကုမ္ပဏီတို့က အောက်တိုဘာလ ၂၂ ရက်က လက်မှတ်ရေးထိုးလိုက်ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း တို့ရှေ့၌ China General Nuclear Power Corp (CGN) နှင့် Electricite de France (EDF) တို့က မဟာဗျူဟာမြောက်သော ရင်းနှီးမြှုပ်နှံမှု စာချုပ်အား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

သဘောတူညီမှုအရ ရင်းနှီးမြှုပ်နှံမှုတွင် CGN ဦးဆောင်သော တရုတ်စီးပွားရေး လုပ်ငန်းစုက ၃၃.၅ ရာခိုင်နှုန်း နှင့် EDF က ၆၆.၅ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည်။ အဆိုပါ စီမံကိန်းအား သမိုင်းဝင် သဘောတူညီမှု အဖြစ် ကင်မရွန်းက ဖော်ပြထားပြီး အိမ်ခြေ ၆ မီလီယံ နီးပါး အား စွမ်းအင်ထောက်ပံ့ပေးနိုင်မည် ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၂၅,၀၀၀ ဖန်တီးပေးနိုင်မည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက စီမံကိန်း အကောင်အထည်ဖော်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး သန့်စင်သော စွမ်းအင်ဖွံ့ဖြိုးရေးနှင့် စွမ်းအင်လိုအပ်ချက်တွင် ဗြိတိန်နိုင်ငံအား ကူညီသွားမည်ဟု CGN ဥက္ကဋ္ဌ က ပြောခဲ့သည်။ အဏုမြူဓာတ်ပေါင်းဖို နှစ်ခုပါဝင်သည့် အဆိုပါ စွမ်းအင် စီမံကိန်းတွင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ပမာဏ ၃.၃ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဗြိတိန် နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပမာဏ အများဆုံး ပြန်လည်ထုတ်ပေး နိုင်သော စက်ရုံတစ်ရုံ ဖြစ်လာမည် ဖြစ်သည်။ ဟင်ကလေ စီမံကိန်းသည် တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့အကြား သုံးဦးသုံးဖလှယ် အကျိုးရှိနိုင်သော စီမံ ကိန်း ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.