Videos
ကိုလံဘီယာ နွားရိုင်းသတ်ပွဲတွင် ပွဲကြည့်စင်ပြိုကျမှုကြောင့်အနည်းဆုံး လူ ၅ ဦး သေဆုံး
ဘိုဂိုတာ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
ကိုလံဘီယာ နိုင်ငံ အယ် အက်စ်ပီနယ်လ်တွင် နွားရိုင်းသတ်ပွဲတစ်ခု ကျင်းပနေစဉ်အတွင်း သစ်သားဖြင့် ဆောက်လုပ်ထားသည့် ပွဲကြည့်စင်တစ်စိတ်တစ်ပိုင်း ပြိုကျမှုကြောင့် လူ ၅ ဦးသေဆုံးပြီး အနည်းဆုံး လူ ပေါင်း ဒါဇင်နှင့်ချီကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ပွဲကြည့်စင်ပြိုကျရာမှ ကွင်းအတွင်းသို့ လူပေါင်းများစွာ ပြုတ်ကျသွားသဖြင့် နွားရိုင်းတစ်ကောင်က လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်းနှင့် ပရမ်းပတာဖြစ်စဉ်များအတွင်း ကလေးများစွာပျောက်ဆုံးလျက်ရှိကြောင်းတာဝန်ရှိသူများက ဆိုသည်။
ဒဏ်ရာရရှိခဲ့ကြသူများကိုနီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းသိရသည်။
သမ္မတအသစ်အဖြစ်ရွေးကောက်ခံရသူ Gustavo Petro က ထိုကဲ့သို့အခမ်းအနားများအား ပိတ်ပင်ရန်အာဏာပိုင်များကိုတိုက်တွန်းခဲ့သည်။
လက်ရှိ သမ္မတဖြစ်သူ Ivan Duque က အခင်းဖြစ်ပွားမှု အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု တွစ်တာစာမျက်နှာမှ ကြေညာခဲ့သည်။ (Xinhua)
—————————-
(English Version)
At least 5 dead in Colombia bullfight stand collapse
BOGOTA, June 27 (Xinhua) — At least five people died and dozens more were injured on Sunday when part of the wooden stands collapsed during a bullfighting festival in El Espinal, Colombia.
Officials said a bull attacked several people after the stands collapsed, and a number of children were reported missing in the chaos.
The injured were transferred to nearby hospitals.
President-elect Gustavo Petro urged local officials to ban such events.
And current President Ivan Duque on Twitter announced an investigation into the disaster.
Produced by Xinhua Global Service